6.

681 81 9
                                    

Busanညက အေးပေမဲ့ နေ့နွေကတော့ နည်းနည်းပူသည်...ဆယ်နာရီကျော်သည်နှင့် နေက
Busanတစ်မြို့လုံးကို လွှမ်းသွားသည်..jungkook အနွေးထည်ကို ချွတ်လိုက်သည်....

အလုပ်မလုပ်သော သူများအဖို့ ချမ်းနေနိုင်သော်လည်း သူကတော့ မချမ်းနိုင်တော့ပါ..ချွေးပြန်နေပါပြီ..အိမ်အလုပ်တွေကို သူတစ်ယောက်တည်း ဒိုင်ခံလုပ်နေရသလိုပဲ.
ကျောင်းသာတက်နေရသော်လည်း သူ့မှာ
အိမ်ရဲ့ကျွန်အဆင့်သာသာပဲရှိသည်...

ခုမှ မဟုတ်...ကျောင်းဖွင့်ရက် တွင် သူ့မှာ ပိုအလုပ်ရှုပ်သည်.... ကျောင်းပိတ်ရက်လည်း နားရမည်မထင်နှင့်... မိုးလင်းက မိုးချုပ် အလုပ်လုပ်ရသေးသည်သာ...ကျောင်းတက်၍ စာသင်နေသောအချိန်သာ jungkookအဖို့ အားသောအချိန်...ကျန်သော အချိန်မှာတော့?

"Jungkook.....ဘကြီးသား ရောက်နေတယ်ဆို"

သည် ကားဒရိုင်ဘာက jayမဟုတ်....နောက်တစ်ယောက်ဖြစ်သည်...
Jayလို အေးဆေးတည်ငြိမ်သူမဟုတ်... သူက အရက်သိပ်သောက်သည်..ပြီးတော့ လိင်စိတ်လည်း အရမ်းပြင်းပြသည်... မိန်းမသော ယောကျာ်းသော ဂရုမစိုက်....

Jungkookသူ့စကားကို မကြားချင်ယောင် ဆောင်လိုက်သည် .ဒါကို သူက တမင် jungkookနားကပ်ကာ.

"ဟေ့ ကောင်လေး..မေးနေတယ်လေ"

"ဘာလဲဗျာ"

"ဘကြီးသား ရောက်နေတယ်ဆို"

"အဲ့တာ ဘာဖြစ်လည်း"

ထိုလူ သွားနီနီကြီးများဖော်ကာ တဟဲဟဲရယ်မောနေသည်..သည်မျက်နှာကြီးကို ကြည့်ပြီး jungkookရင်မှာ မုန်းတီးမိသည်..

"မင်းကလည်းကွာ..အလကားနေ ဘာလို့ စိတ်တိုနေတာလဲ...နေဦး... ကောင်လေးက ဖြူဖြူနုနုလေးဆို??""

"ကျတော် ဘယ်သိမလဲဗျ"

Jungkookဘုပြောလိုက်သည်..တလက်စတည်း ထိုလူ့ကို အမုန်းကြီးမုန်းမိသည်...

"မင်းကလည်းကွာ..ဒီလောက်လေးမေးတာ မင်းအသား ပဲ့ပါသွားမှာ စိုးလို့လား..သူ့နာမည်လေးက ဘယ်သူလဲ"

"ကျတော်မသိဘူး..."

"သူက ဘယ်နှတန်းဖြေလာတာလဲ"

"ကျတော်မသိဘူး..."

ကားသမားမျက်နှာကြီး နီလာသည်...

Maybe TomorrowWhere stories live. Discover now