Jeonမှာ ပြုံးပြရအခက်...ခပ်တည်တည်နေရ အခက်နှင့်
ငေးမောကြည့်နေဆဲ....."ညီလေးနာမည်က ဘယ်လိုခေါ်လဲ"
"ခင်ဗျာ.....ကျတော့ကို မေးတာလား"
ParkJiminက ခေါင်းကို ငြိမ့်ပြသည်။
အို...ယဉ်ကျေးလိုက်တာ...အကိုက သဘောကောင်းလိုက်တာ... ကျတော့ကို ညီလေး
တဲ့လား..ဆွေမရှိ မျိုးမရှိ အကိုမရှိသူမို့ Jeon ရင်ထဲမှာ ပျော်နေမိသည်။ Jeon အသံတုန်တုန်
လေးနှင့် ဖြေလိုက်သည်....."JungKookပါ အကို"
"ဘယ်လို...ပြန်ပြောပါဦး?"
"ကျတော့နာမည် JeonJungKookပါ"
"အို....သိပ်လှတဲ့ နာမည်လေးပါလား...
ဒီနာမည်လေးကို ဘယ်သူပေးတာလဲ....
Jeonအဖေ ..အကို့ ကားဆရာ ဦးလေးကြီးလား""ဟုတ်ပါတယ် အကို"
Jeon ခေါင်းငုံ့ထားလိုက်သည်။ဒါပေမဲ့ အကို့
ခြေချောင်းတိုတိုလေးတွေကို မြင်နေရသည်။
ပန်းသွေးရောင်ထကာ နူးညက်နေသော အကို့ ခြေထောက်လေးတွေကလည်း လှပလွန်းသည်..
နုနယ်လွန်းသည်..ထို့အတူ အကို့စိတ်ထားကလည်း
နူးညံ့လွန်းလှသည်...."ဒါနဲ့ ကားဆရာ ဦးလေးကြီးရော"
"အဖေ..အဖေ.."
Jeon ဘာဆက်ပြောရမှန်းမသိ...မျက်လုံးတွင် မျက်ရည်တွေ ရစ်ဝဲလာသည်..Jiminသာ Jayဘက်လှည့်ရင်း...
"Jayရေ..ပြောပါဦး.."
"သူ ကားaccidentဖြစ်ရင်း ဆုံးသွားပြီ"
"အို..Jungkookရယ်"
Jimin အကြီးအကျယ် စိတ်မကောင်း ဖြစ်သွားသည်..
"ဒါဖြင့် ညီလေးက ဘယ်မှာနေတာလဲ"
"ဘကြီးတို့ဆီမှာပဲ"
"ဩော်..."
Jimin jeonကိုကြည့်ကာ သနားသွားသည်
တကယ်ဆို Jeonက သူ့ညီလေးအရွယ်ပါ...
ဖြူဖြူမြင့်မြင့် ထွားထွားကလေးနှင့် ချစ်စဖွယ်
ချောချောလေးပါ...ဆံပင်ထူထူလေးများက
မဲနက်နေပြီး နှာခေါင်းလုံးလုံးလေးနဲ့ အသားက
ဖြူဖြူလေးရယ်ပါ...ရုပ်ကလေးက ဒီလောက် ချောပါရဲ့နှင့် ဘာလို့
ကုသိုလ်ကံက ဆိုးရတာပါလိမ့်.....
YOU ARE READING
Maybe Tomorrow
Romanceမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..