12.

459 58 15
                                    

ယောက္ခမ အိမ်တက် ၊ သမက် မျက်နှာ ငယ် ဆိုသလို တကယ့် ကိုယ်တွေ့မှာ ယောက္ခမ အိမ်မဟုတ်လည်း jungkook မျက်နှာ ငယ်ရပါသည်.. jungkookမျက်နှာဆိုလျှင် သဲမှုန်ထက်ပင် ငယ်နေပါသေးသည်..

ရှိသမျှ ပစ္စည်းထုပ်လေးနှင့် အိပ်ရာလိပ် နွမ်းနွမ်း လေးကို ကျောပိုးကာ jungkook ကိုကြီးရဲ့
အိမ်ပေါက်ဝမှာ ရပ်နေမိသည်..သားနားလှသော
တိုက်ကြီးထဲ ဝင်ရမှာက် မဝံ့မရဲ ဖြစ်နေသည်သာ..

"လာလေ ညီလေး"

Yoongiကတော့ သူ့ကို လာကြိုရှာပါသည်..
Yoongi မျက်နှာမြင်တော့ သူ အားတက်ရသည်..
အိပ်ရာလိပ်ကြီး တင်းတင်းဆုပ်ကာ ဧည့်ခန်းရှိ ဆိုဖာ တစ်လုံးပေါ် တွင် မဝံ့မရဲ ထိုင်လိုက်မိသည်..
ကိုကြီးက သူ့ကိုကြည့်ကာ ပြုံးသည်..

"ညီလေး..အားငယ်နေတာလား"

Jungkook ဘယ်လိုဖြေရမလဲ မသိပါ.. သူများအိမ်တွင်တော့ မျက်နှာငယ်ရသည်က အမှန်ပါ..ဒါပေမဲ့ yoongi အပြုံးက သူ့အတွက် အားဆေး တစ်ခွက်လိုပါပင်..

"ကဲ..ဒီနေ့ ဒီအချိန်က စပြီး ညီလေး ဘာမှ အားမငယ်နဲ့တော့ ညီလေးက ကိုကြီးရဲ့ ညီ ဖြစ်သွားပြီ.. ဘာလို့ ကိုကြီး ညီလေးကို မွေးစားလဲ သိလား "

Yoongiက Jungkookရဲ့ မျက်ဝန်းများကို စိုက်ကြည့်သည်.. jungkook မသိပါ..ဒါကြောင့် ခေါင်းကို ခါရမ်းရင်း

"ကျတော် မသိဘူး ကိုကြီး"

ကိုကြီးက ပြုံးသည်..ပြီးမှ ခေါင်းညိမ့်ရင်း

"ညီလေးက ကိုကြီးအသက်ကို ကယ်ခဲ့တာလေ..ဓားပြတိုက်ခံရသေးတယ်လေ..
အဲ့တုန်းက ကိုကြီး အိတ်ထဲ ပါတဲ့အိတ်က သိပ်အဖိုးတန်တဲ့အိတ်..ကိုကြီးအတွက် အဖိုးမဖြတ်နိုင်တဲ့အိတ်..ဒါပေမဲ့ jungkookကြောင့် ကိုကြီး ပစ္စည်းတွေရော ကိုကြီး အသက်ပါ ချမ်းသာခွင့်ရတာ..ဒီတော့ ကိုယ့်အသက်သခင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရမှာ ကိုကြီး တာဝန်ပဲ "

"ညီလေးက ကိုကြီးအသက်ကို ကယ်လို့ ကိုကြီးက
ညီလေး ဘဝကို ပြန်ကယ်တယ်လို့ သဘောထားလိုက်...ဒီတော့ ကိုကြီး ပြီးရင် ဒီအိမ်ကြီးရဲ့ အရှင်သခင်ဟာ ညီလေးပဲ..ကိုကြီးလည်း ညီ့လို တစ်ကောင်ကြွက်ပဲ
ညီလေးကို စာနာတယ်သနားတယ်..ဒီနေ့ ဒီအချိန်က စပြီး ညီလေးက ကိုကြီးရဲ့ ညီအရင်း ဖြစ်သွားပြီ....ဒီအိမ်ကြီးရဲ့ အရှင်သခင်လေး ဖြစ်သွားပီ..ဒီတော့ "

Maybe TomorrowWhere stories live. Discover now