ပျော်ရွှင်မှုသည် jungkookအတွက်သာ ဖြစ်သည်
အရင်က စက်ဆီတွေ ဖုန်တွေနှင့် ပေကျံနေသော
Jungkookကိုယ်တွင် ယခု ဂျာကင် လည်သာ အမဲရောင် ၊ လည်သာ ဘောင်းဘီ အမဲ ၊ walking shoes အကောင်းစားတို့က နေရာ ယူလာမှုကြောင့် နဂိုက ချောပြီးသား Jungkookမှာ သားသားနားနားနှင့် ချောချော ကောင်လေး ဖြစ်နေသည် ။ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေသည်။
ပညာလည်းတော် ၊ ပိုက်ဆံလည်း ချမ်းသာ
ရုပ်ရည်လေးကတော့ သားနားတော့ လူတိုင်းက
ခေါ်မဆုံး ပြောမဆုံး ။ Jimin မိခင်ကြီး ကိုယ်တိုင်က Jungkookကို အမျိုးတော်ချင် သပါ့
ဖြစ်နေသည်ပင် ။ Jungkookက သတိရစိတ်ဖြင့်
Jimin သတင်းကို သွားစုံစမ်းတိုင်း..."Jungkook အိမ်ကို ခဏခဏလာနော် ။
ဒေါ်ကြီးတောင် သားလေးအကြောင်း Jiminကို
တောင်ပြောထားသေးတယ် ။ Jiminက ဝမ်းသာလွန်းလို့ သားနဲ့ တွေ့ချင်လို့တဲ့ "Jungkook မျက်ရည်ဝဲအောင် ဝမ်းသာ ရပါသည်
"အဲ့ဒါ..ဒီနှစ် စာမေးပွဲပြီးတာနဲ့ Jungkookဆီကို
အပြေးလာခဲ့မယ်တဲ့ "တကယ်လား ကိုလေးရယ် ၊ ကျတော် တွေ့ချင်လှပါပြီ ။ Jiminနှင့် မတွေ့ခင်ရက်မှာ
Jungkook စာကို ဖိကြိုးစားသည်။ သူ့ကို ကျောင်းထားပေးသော Yoongi ဆန္ဒနှင့် ချစ်ရပါသော Jimin၏ ဆန္ဒများကြောင့် သူများထက် ပိုကြိုးစားရပါသည် ။Yoongiက jungkook အတွက်ဆို ဘာမှ လိုလေသေး မရှိစေရ ။ ကျောင်းသွားဖို့ အဆင်ပြေအောင် ကားတစ်စီး ထားပေးထား သလို Jungkook ဟိုနား ဒီနား သွားရန် အဆင်ပြေအောင်လည်း ပြိုင်ကားတစ်စီး ဝယ်ပေးထားသေးသည် ။
တစ်လ မုန့်ဖိုးကို သုံးချင်သလောက် သုံး black cardပေးထားသလို အဝတ်အစား ဆိုသည်မှာ
ရောက်ခါစနှင့်မတူ ။ ဗီဒိုနှင့် အပြည့်။
YOU ARE READING
Maybe Tomorrow
Romanceမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..