5

717 77 0
                                    

မေမေ..jungkookထမင်းစားပြီးပြီလား"

"အို...သားကလည်း မေမေတို့ပြီးမှ ကျွေးမှာပေါ့..
ကိုယ့်အိမ်က ခိုင်းတဲ့သူကို အရင်ကျွေးရမယ်လို့..
ရာဇဝင်ရိုင်းတာအေ"

"ဩော်..သားက ဆာနေမှာစိုးလို့ပါ"

"အဲ့တာခက်တာ...သားက လူတိုင်းကို ကိုယ့်လိုမှတ်နေတာလား..လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူ...ကိုယ့်အကျိုးပေးနဲ့ကိုယ် သူ့အကျိုးပေးနဲ့သူပေါ့အေ...သနားရင် ကိုယ်ပဲ ဒုက္ခရောက်တတ်တယ်"

       Jiminဆက်မပြောတော့..မေမေ့စိတ်ကို သူသိသည်..မေမေက ပြတ်သည်..သူ့လိုတွေ့ရာလူ
မသနားတတ်..သနားတတ်သော သူ့မှာသာ အစဉ်လို ရင်မောရသည်..(အပြင်လောကမှာလည်း
Parkjiminဆိုတာ လူတကာကို လိုက်သနားတတ်နေတဲ့လူ  :)   

Jimin သူ့အခန်းထဲသို့ ဝင်လာသည်..Busanည
အပီအပြင်အေးလာသည်...ဝတ်ထားသော စွယ်တာခေါင်းစွပ်ပေါ်မှ စွယ်တာနောက်တစ်ထပ် ထပ်ဝတ်လိုက်သည့်အပြင် ခြေအိတ်ပါ သူစွပ်လိုက်သည် ..Seoulရောက်တုန်းက Busanကို လွမ်းသလို အခုသူ Busanရောက်တော့လည်း Seoulကို လွမ်းမိသည်...jimin ပြတင်းပေါက်ကို လက်ထောက်ကာ Busanမြို့၏ အလှကို ငေးနေသည်...

   ဒါပေမဲ့ Busanမြို့၏ ညအလှအစား jiminခံစားမိသည့် ညအလှက လရောင်အောက်တွင် အမှိုက်သိမ်း လှည်းနေသော
Jungkook၏ ပုံရိပ်ရယ်ပါ...

"ကြည့်စမ်း...ကောင်လေးသနားပါတယ်..ညနေက ငါ့ကိုကြိုတယ်..ပြီးတော့ မေမေခိုင်းသမျှ လုပ်ရသေးတယ်..အခုတကာ တစ်အိမ်လုံးရဲ့ အမှိုက်သိမ်းနေရတယ်...သူ ထမင်းမှ စားရသေးရဲ့လား.."

 
   Jiminမီးရောင်အောက်မှ jung၏ ပုံရိပ်ကို
ငေးမောမိသည်...အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဗလကောင်းသော ကိုယ်လုံးဖြင့်Jeonမှာ သူ့ထက်ငယ်သည်ဟု ဆိုလျှင် သူမယုံချင်... သို့သော်  သူ့ထက်ငယ်သည်ကိုတော့ သူလက်ခံရလေသည်...
"ငါဘာလို့ အဲ့လောက်သေးနေပါလိမ့်"

Jiminတစ်ယောက် အတွေးလွန်နေစဉ်....
Jungkookမှာတော့ တစ်နေကုန် အလုပ်လုပ်ထားသောကြောင့် ညစ်ပတ်ပေရေနေသော အကျီကို ဆွဲချွတ်လိုက်သည်...သူရေချိုးရမည်လေ...
ဖြူဖွေးမြင့်မားသော Jeonတစ်ကိုယ်လုံးက မီးရောင်အောက်တွင် ထင်းနေသည်... jiminမှာတော့ jungkookအသွင်ကို ကြည့်ကာ..

Maybe TomorrowWhere stories live. Discover now