2.

940 110 2
                                    

နီညိုရောင်  အကျီလက်ရှည်လေးနှင့် ဘောင်းဘီရှည် အနက်ရောင်လေး...
အရောင်ရင့်ရင့်တွေ ကြားမှာတော့  Jeonမျက်နှာ
ချောချောက နုပျိုနေသည်သာ..မျက်လုံးလေးများဆို ဝိုင်းဝိုင်း
လေးနဲ့ ရွှန်းလက်နေသည်သာ...

လေတိုးတိုင်း ဝေ့ဝဲနေသော ဆံပင်လေးများ ကြားမှ ချစ်စဖွယ် ကောင်းနေသည့် Jeon..

"အကိုJay အဲ့ဒီ့အကိုParkJiminက သဘောကောင်းလားဟင်"

"ငါ ဘယ်သိမလဲ"

"သဘောရော ကောင်းနိုင်လားဟင်"

"ငါ မသိ"

"ဒါဖြင့် အကိုJay သိတာ ဘာရှိလဲ"

"သူ့အမေကြီး ဆိုးတာတော့ ငါသိတယ်"

"အစ်ကိုJayရယ်"

    Jeon အပြင်ဘက်ကို ငေးမောလိုက်မိသည်။
ဘကြီးမိန်းမ ဒေါ်ကြီးဆိုးတာတော့ Jayပြောမှ
သူသိသည်မဟုတ်။သူလည်း ဒေါ်ကြီး ဆိုးသမျှကို
ခံစားနေရသူ။ဒေါ်ကြီး နှိပ်စက်သမျှ ခံစားနေရသူ
သူသက်ပြင်း ယဲ့ယဲ့ ချမိသည်။

 
    ဘကြီးက စည်းကမ်းရှိပြီး ကျွေးစရာရှိတာကျွေးသည်။ပေးစရာရှိတာ ပေးပေမဲ့ ဒေါ်ကြီးကတော့ ပေးစရာမရှိ၊ကျွေးစရာ မရှိသည့် အစားထဲကပါ။Jeonတို့ကို သတိရလျှင်
သတိရတတ်ပြီး မညာမတာ ခိုင်းတတ်သလို
ကျွေးစရာရှိပြန်ရင်လည်း မဝရေစာ ကျွေးတတ်သူပါ၊

     သည်ကြားထဲ Jeon ကျောင်းနေသည်ကိုပင်
လုံးဝ မကျေနပ်။

"အောင်မလေး...ကားသမားသား ကားပဲမောင်း
စားမှာပေါ့။ဘာလို့ ကျောင်းတက်နေသေးလဲ။
ကားမောင်းစားရမယ့်သူက ဘာသင်စရာ လိုသေး
လို့လဲ....အလကား အချိန်ကုန်တယ်။ငါတို့တွေလည်း ငွေကုန်တယ်။"

    သည်လို မကြာမကြာ ထုတ်ပြောတတ်သည်။
ဘကြီးကတော့....

"ပြောမနေနဲ့ မိန်းမ။သူ့အဖေ ဘာမှာလိုက်လဲ။
သူ့သားလေးကို စာတတ်အောင် သင်ပေးဖို့
မှာလိုက်တယ်လေ ။တို့အလုပ်က စာသင်ပေးဖို့
အလုပ်...အေး ကျန်တဲ့အလုပ်ကတော့ အာ့ကောင်
အလိုက်သိဖို့ အလုပ်..."

Jeon အလိုက်သိပါသည်။ ကျောင်းက ပြန်လာသည်နှင့် အိမ်ကြီးပေါ်လည်း ပြေးကူပါသည်...ဒေါ်ကြီး ခိုင်းသမျှ ကြမ်းတိုက်၊
ဖုန်သုတ် အခန်းတွေ ရှင်းပြီးလျှင်  ဘကြီးခိုင်းသမျှ
ကားပြင်သည့် အလုပ်တွင်လည်း ဝင်လုပ်ရပါသည်

Maybe TomorrowWhere stories live. Discover now