Part-3

1.1K 199 5
                                    

     စားပွဲခုံပေါ် လက်ထောက်ကာ ပြတင်းပေါက်မှ မြင်နေရသော ကောင်းကင်ပြာကြီးကို တွေတွေငေးနေသော JunMyeonကို တစ်ခန်းလုံးက အထူးတဆန်းဝိုင်းကြည့်နေကြတာတော့ အမှန်ပါ…သူများတွေရဲ့အမြင်မှာ
Kim JunMyeon ဆိုတာက အမြဲဖျတ်လတ်တက်ကြွနေလွန်းသူပဲကိုး…
အခုများတော့ဖြင့် ကျောင်းရောက်ကတည်းက
ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်ယောက်တည်း မှိုင်တွေနေသော JunMyeonကို သူငယ်ချင်းအရင်းကြီးဖြစ်သော BaekHyunပင် စကားသွားမပြောနိုင်ခဲ့…
အခန့် မသင့်လျှင် JunMyeonရဲ့ ဒေါသနဲ့ တိုးနိုင်သောကြောင့်ပင်…

*တစ်ခြားသူတွေကို သူ မပြောလောက်ပါဘူးနော်*

       ပုံစံတစ်မျိုးစီ ကွဲထွက်နေသော
JunMyeon ရဲ့ယောက်ျားလေးပုံစံနှင့်
မိန်းကလေးပုံစံ အကြား Krisတစ်ယောက်
ဘယ်လို ဖော်ထုတ်လိုက်သည်မသိ…
မနေ့ ညနေက JunMyeonတစ်ယောက်တည်း ပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့သည်မှာ
XiuMin လာမခေါ်ခင်အထိပင် ဖြစ်သည်…
အဲဒီအချိန်ကတည်းက ကျောင်းကwebsiteမှာ တစ်ခုခုများ တက်လာလေမလားဟု စိုးရိမ်မှုများစွာဖြင့် စောင့်ကြည့်နေခဲ့သော်လည်း ဘာမှတက်မလာ…တစ်ရေးမျှ မအိပ်ခဲ့ရသည်သာ အဖက်တင်သည်…

*Kris Wu! Kris Wu! ငါ့ကို တော်တော် ဒုက္ခပေးတာပဲ*

       တစ်ခြားသူများကို လျှောက်မဖွဖို့ ရာ နည်းနည်းပါးပါးညှိနှိုင်းကြည့်ဖို့  တစ်ကျောင်းလုံး ပတ်ကာ ရှာကြည့်သော်လည်း ထိုသတ္တဝါက ဘယ်နားသွားနေသည်လဲ မသိ…
သူ့ အခန်းရှေ့ သွားစောင့်နေတာတောင် မတွေ့ခဲ့သည်အထိဖြစ်သည်…

"ဒီမှာ…SuHoရဲ့ပုံတွေ တက်လာတယ်…"

      အနောက်ဘက်မှ ကျောင်းသားတစ်ယောက်၏အသံကြောင့်
JunMyeonရဲ့ ခေါင်းလေး ဆတ်ခနဲ ထောင်လာကာ အနောက်ဘက်မှ စကားသံများကို မသိမသာနားစွင့်နေလိုက်သည်…

"Oh my god! ငါ့ရဲ့SuHoလေး"

        ကျောင်းသားတစ်ယောက်ရဲ့အာမေဋိတ်သံ
ကြောင့် JunMyeonတစ်ယောက် ပိုပြီး ခေါင်းနားပန်းကြီးသွားရပြန်သည်…
စိတ်ထဲမှာလည်း Krisကို ကျိန်ဆဲနေမိသည်…

*ငါ့ပုံတွေတင်လိုက်ပြီထင်တယ်…KrisWu Kris Wu သူ အဲ့လိုလုပ်မယ်ဆိုတာ ငါ ထင်သားပဲ*

Student Council PresidentWhere stories live. Discover now