"လက်ဆင့်ကမ်းက လူပြည့်သွားပြီမလား"
"ဟုတ်တယ်…အပြေးက တစ်ယောက်လိုနေသေးတယ်…
အထက်တန်းပထမနှစ် class 1-Bက စာရင်းလာမပေးသေးဘူး""Tao…ပထမနှစ်တွေကို
စာရင်းပေးဖို့ ပြောလိုက်ဦးနော်"မကြာခင် ကျောင်းတွင်း အားကစားပြိုင်ပွဲကြီး လာတော့မည် ဖြစ်သည်…
ကျောင်းနှစ်ကျောင်း ပေါင်းလုပ်တာကြောင့်
အတန်းအချင်းချင်းရော အခန်းအချင်းချင်းပါမက
ကျောင်းအချင်းချင်းပါ
ပြိုင်ဆိုင်ဖို့ ကျောင်းသားအားလုံး တက်ကြွနေကြသည်…နဂိုတည်းက ဒီကျောင်းသားတွေဟာ စာက လွဲပြီး ကျန်တဲ့နေရာမှာ တက်ကြွလွန်းကြသည်…"cheerleaderတွေရော စာရင်းလာပေးပြီလား "
"မင်းအခန်းက မပေးသေးဘူး JunMyeon"
*ငင့်…သူတို့ အခန်းက လူတစ်ယောက်လုံး
Presidentအဖြစ်ရှိနေတာတောင် စာရင်းလာမပေးသေးဘူးဆိုတော့ကား အတန်းထဲက လူတွေက
ဘာများလုပ်နေကြသလဲ*"အေး…ငါ စာရင်းပေးဖို့ သွားပြောလိုက်ဦးမယ်"
အားကစားပြိုင်ပွဲမှာ ကစားနည်းက
အစုံရှိသည်…အပြေး ပြေးခုန်ပစ် အလျားခုန်
စသည့် ပြိုင်ပွဲကြီးများမှအစ အင်္ကျီအမြန်ဝတ်ခြင်း၊
ချောကလက်ချောင်းကို အတိုဆုံးရအောင်ကိုက်ခြင်း၊ ခြေထောက်မှာ
အိတ်စွပ်ကာ ခုန်ခြင်း စသော ကိုယ့်ဘာသာ
ပေါက်ကရ ထွင်သွားသော ကစားနည်း အသစ်အဆန်းများလည်း ရှိသည်…
JunMyeonတို့ ကတော့ ပွဲအစအဆုံး စီစဉ်ခြင်း၊ ကျောင်းသားများအတွက် အစားအသောက် စီစဉ်ပေးခြင်း စသည့် လုပ်ငန်းများနှင့် အမြဲတစေ အလုပ်ရှုပ်နေသည်ကြောင့် ဘယ်လိုကစားနည်းပဲဖြစ်ဖြစ် ဝင်ပြိုင်နိုင်ခြင်းမရှိ…"မင်းတို့  အားပေးဖို့ လူစာရင်း သွားမပေးဘူးလား"
ဆူညံနေသော အတန်းမှာ JunMyeon အသံကြောင့် ချက်ချင်း တိတ်သွားသည်…
အဖြေကိုတော့ ဘယ်သူမှ ပြန်မပေးကြ…အကုန်လုံးတစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ ငြိမ်နေကြသည်…"မနှစ်က cheerleaderရော"
"အပြင်းဖျားလို့ ဆေးရုံတင်ထားရတယ် "