တစ်ဖက်companyမှ လူများက
ချိန်းဆိုထားသော အချိန်ကွက်တိတွင် ရောက်လာခဲ့သည်…မော်ဒယ်လ်ပိုင်းကို တာဝန်ယူထားရသော အကြီးအကဲပိုင်းမှ လူတစ်ယောက် ၊ သူတို့ companyမှ
ဓာတ်ပုံဆရာ နှင့် အဝတ်အစား၊မိတ်ကပ်အတွက်
မိန်းကလေးတစ်ယောက် ပါလာသည်…"အဝတ်အစား ကူလဲပေးရမလား"
"နေပါစေ…တစ်ယောက်တည်းပဲ လဲလိုက်ပါ့မယ်"
မိန်းကလေးက မေးရှာသော်လည်း JunMyeon ငြင်းလိုက်ပြီး
သူတို့ ယူလာသော မှန်အမည်းကပ်ထားသည့်
ကားပေါ်သို့ အင်္ကျီလဲရန် တက်ခဲ့သည်…"ဘာလို့ ဇစ်နဲ့ကြယ်သီးတွေက အနောက်ဘက်မှာ ရှိနေရတာလဲ"
လက်ကို ကျောဘက်သို့ နောက်ပြန်လှမ်းရင်း မမှီမကမ်းနဲ့ ဇစ်တပ်နေရသည်…
တစ်ယောက်တည်းနဲ့တော့ အလုပ်မဖြစ်…"Kris…အပြင်မှာ ရှိလား"
လေသံတိုးတိုးဖြင့် JunMyeon လှမ်းခေါ်သည်…
"အင်း ရှိတယ်"
"ကားထဲ ခဏဝင်ခဲ့"
"ဟင်…ဘာလို့ လဲ"
"မြန်မြန်ဝင်ခဲ့"
JunMyeon စိတ်မရှည်စွာ ပြောလိုက်မှ ကားတံခါးပွင့်ကာ Krisက ကားထဲ ဝင်လာသည်…
"အနောက်ကဟာတွေ တပ်ပေး"
"တွေ့လား…ငါသာ မပါရင် မင်းတစ်ယောက်တည်း အခက်တွေ့နေမှာ"
"လုပ်စရာရှိတာ မြန်မြန်လုပ်စမ်းပါ"
ပါးစပ်က မကျေမနပ်ပြောမိသော်လည်း စိတ်ထဲကနေတော့ Krisက သူနှင့်အတူ လိုက်လာ၍ ကျေးဇူးတင်မိသည်…
"ပြီးပြီ"
JunMyeon အဝတ်အစားလဲပြီး ထွက်လာတော့ မိန်းကလေးက JunMyeonကို မိတ်ကပ်ပြင်ပေးသည်…"အသားအရည် ကောင်းတယ်နော် SuHo ssi"
"ခွိ!"
မိတ်ကပ်ပြင်တာကို ဘေးကနေ အနီးကပ်လိုက်ကြည့်နေသော Krisက
ကြိတ်ရယ်သည်…ရယ်သည်ဆိုတာထက် JunMyeonကို လှောင်တာဖြစ်ရမည်…"SuHo ရဲ့မန်နေဂျာမလား…"
"ဟုတ်ပါတယ်"
"ဟိုဘက်နားမှာ ခဏသွားထိုင်ပေးပါလား…အဲ့လိုကြီး အနီးကပ်လိုက်ကြည့်နေတော့
မိတ်ကပ်ပြင်ရတာ နည်းနည်းအဆင်မပြေလို့ "