ဓာတ်ပုံရိုက်စရာရှိလျှင် Jong Dae ရဲ့ဆိုင်ကိုပဲ လာဖြစ်ပေမယ့် ဓာတ်ပုံရိုက်ပေးသူကတော့ အရင်ကလို
Jong Daeမဟုတ်တော့ …SuHo၏ ပင်တိုင်ဓာတ်ပုံဆရာသည် Kris Wu ဖြစ်သွားပြီဖြစ်သည်…Jong Daeနှင့် MinSeokက ကော်ဖီခွက်ကိုယ်စီနှင့် အပေါ်ထပ်မှာ စကားပြောနေကြသည်…
ဆိုင်အောက်ထပ်မှာတော့ Krisနှင့် JunMyeonက နှစ်ယောက်တည်း ကမ္ဘာသဖွယ် ရန်ဖြစ်လိုက်၊ ဓာတ်ပုံရိုက်လိုက်ဖြစ်သည်…"ဒီလိုကြည့်တော့ မင်းက မိန်းကလေးနဲ့ တော်တော်တူတာပဲ"
Krisက ကင်မရာကို ချိန်နေသည်…
သူ့ ချိန်မှတ်က မော်ဒယ်လ် SuHoရဲ့ မျက်နှာနုနုလေးမှာဖြစ်သည်…"စကားများမနေနဲ့…မြန်မြန်ရိုက်"
JunMyeonက စိတ်မရှည်စွာ လှမ်းအော်သည်…အားရပါးရတော့ မအော်ရဲ…
တော်ကြာ မလှမပပုံတွေကို Kris ရိုက်မိသွားပြီး ခြိမ်းခြောက်နေလိမ့်မည်…ထို့ ကြောင့်
သွားစိလျက်နဲ့သာ Krisကို လှမ်းကြိမ်းနေရသည်…"သွားစိထားတဲ့ ပုံလေးကလည်း လှတယ်နော်"
Krisက စလေ JunMyeonမျက်နှာက ပိုပြီးနီရဲလာလေဖြစ်သည်…
"ငါ စိတ်ကျေနပ်တဲ့အထိ ချစ်စရာကောင်းတဲ့ပုံလေးတွေ လုပ်ပြရင် တစ်ပုံကို တစ်သောင်းနှုန်းနဲ့ ချေပေးမယ်"
"တကယ်လား?"
Krisကို မကြည်ကြည့် ကြည့်ရင်း
မှေးစင်းထားသော JunMyeon၏ မျက်လုံးများက တဖြည်းဖြည်းကျယ်လာကာ
အရောင်တောက်သွားသည်…
Krisသည် ကင်မရာကို ဟိုစစ်ဒီစစ်လုပ်ရင်း ခေါင်းညိမ့်ပြသည်…"တစ်သောင်းနော်?"
JunMyeonက သေချာအောင် ထပ်မေးပြန်သည်…Krisက ဆရာကြီးပုံစံနဲ့ ခေါင်းညိမ့်ပြပြန်သည်…
JunMyeon စိတ်ထဲ ဂုဏ်သိက္ခာတွေ ဘာတွေ ဘာမှ မတွေးတော့…
ပိုက်ဆံမြန်မြန်ကျေသွားဖို့ သာ ခေါင်းထဲရှိသည်…"အဲဒါက ချစ်စရာကောင်းတဲ့ ပုံလား?"
Krisက ကင်မရာကို ချိန်နေရင်း မဲ့ရွဲ့ပြသည်…
"ချစ်စရာမကောင်းဘူးလား"
"ပါးတစ်ဖက်စီမှာ လက်ညှိုးတစ်ချောင်းစီ ထောက်ထားတာကို ချစ်စရာကောင်းတယ်လို့ 
့မင်းထင်သလား "