Part-12

1K 197 6
                                    

       စာမေးပွဲမဖြေမီ ရက်များမှာ
JunMyeon တစ်ယောက် စာတွေ ကျက်လိုက်၊ တစ်ခြားသူများကို စာရှင်းပြလိုက်ဖြင့် ယခင်နှစ်များအတိုင်း အလုပ်ရှုပ်နေခဲ့သည်…
ယခင်နှစ်များနှင့် မတူသည်ကတော့ အိမ်မှာ MinSeokမရှိဘဲ Kris နှင့်အတူ နှစ်ပါးသွားနေရခြင်းပင်…

       JunMyeon နေပြန်ကောင်းစဉ်က  စာရှင်းပြခိုင်းသူများကို တစ်ယောက်တည်း ရှင်းပြမည်ဟု စိတ်ကူးထားခဲ့သော်လည်း
Krisက JunMyeon ပင်ပန်းမည်ဆိုပြီး
သူပါ ဝိုင်းကူရှင်းပြပေးမည်ဟု ပြောသည်…
JunMyeon က မရ…သူ သဘောကျသော
အလုပ်ကို သူတစ်ယောက်တည်းသာ လုပ်ချင်သည်…ဒါကို Krisက အကြွေးကိစ္စဖြင့် ခြိမ်းခြောက်ပြီး နှစ်ယောက် အတူ ရှင်းပြမည်ဟု ဆိုလာတော့ JunMyeon လက်မခံချင်ဘဲ လက်ခံလိုက်ရသည်…ထို့ အတွက်
JunMyeon နည်းနည်း သက်သာရာရခဲ့သည် ဆိုတာကိုတော့ ဝန်မခံချင်ဘဲ ဝန်ခံရပေမည်…

      ကျောင်းမှ လူများကတော့ JunMyeonနှင့် Krisကို ဝိုင်းစနေကြ၍ JunMyeon တစ်ခေါက်လောက် အော်ထားရသည်…
ထိုအခါမှ အသံနည်းနည်းတိတ်သွားသည်…
ဒါတောင် MinSeokမရှိတုန်း အိမ်မှာ
Kris နှင့် အတူနေရသည့် အကြောင်းကို
သူတို့ မသိသေး၍ ဖြစ်သည်…သိသွားလျှင်
ပို၍စကြတော့မည် ဖြစ်သဖြင့် တစ်ခြားလူများဆီ မပြောရန် Kris ကို JunMyeon
အဖော်ညှိထားရ၏…

    ဒီနေ့ ဆိုလျှင် စာမေးပွဲဖြေရတာ ဒုတိယမြောက်နေ့ ဖြစ်သည်…
JunMyeon ကြိုးစားလေ့လာထားသဖြင့်
စာများကို ကောင်းကောင်းပိုင်နိုင်နေပြီဖြစ်သည်…
သို့ သော် စိုးရိမ်စိတ်များသော JunMyeonက
မနက်ဖြန်ဖြေရမယ့် ဘာသာကို တစ်ခေါက်လောက် ထပ်ကြည့်ပြီးမှ
အိပ်ရာဝင်ဖို့ စဉ်းစားထားသည်…
စာဖတ်နေသော
မျက်လုံးများကတော့
Kris ချက်ကျွေးသော ထမင်းဟင်းများကို အဝစားထားသဖြင့် တဖြည်းဖြည်း မှေးစင်းလာပြီဖြစ်သည်…
Krisက မထင်ရလောက်အောင် ဟင်းချက်ကောင်းသည်…စားဖိုမှူးလုပ်လို့ ပင် ရသည်…

     ဒီပုံစံအတိုင်းဆိုလျှင် နောက်တစ်ခေါက် စာပြန်နွှေးနိုင်မည်မဟုတ်…
ထို့ ကြောင့် လန်းဆန်းသွားစေရန် ရေချိုးလိုက်မည်ဟု JunMyeon တွေးသည်…

       JunMyeon မျက်နှာသုတ်ပဝါကို ယူကာ အိပ်ခန်းထဲမှ ထွက်လာစဉ် မျက်နှာချင်းဆိုင်အခန်းမှ မျက်နှာသုတ်ပဝါ ကိုင်လျက် ထွက်လာသော Kris နှင့်တိုးသည်…

Student Council PresidentWhere stories live. Discover now