"သွားတော့လေ…အိမ်ထဲအထိ ဝင်မလို့ လား"
JunMyeonက အိမ်တံခါးကို ဖွင့်နေရင်း Krisကို လှမ်းပြောသည်…Krisက ထိုနေရာကနေ တုတ်တုတ်မလှုပ်…
"မင်းဘာသာ သွားချင်သွား…မသွားချင်နေ"
အိမ်တံခါးကို ဆတ်ခနဲ ဆွဲဖွင့်ကာ ဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပြန်ပိတ်ပြီးသည့်တိုင်
Kris သည် နားလည်ရခက်သော အပြုံးတစ်ခုဖြင့် အိမ်ရှေ့တွင် ရပ်နေခဲ့သည်…"တကယ့်အရူးပဲ"
JunMyeonတစ်ယောက်
ဖိနပ်ချွတ်နေရင်းမှ ခပ်တိုးတိုးပြောသည်…"MinMin!"
အိမ်သည် ထူးဆန်းစွာ တိတ်ဆိတ်နေသည်…ခါတိုင်းဆိုလျှင်
MinMinသည် JunMyeonကို ထွက်ကြိုနေကျ…ထွက်မကြိုနိုင်လျှင်တောင် တံခါးပိတ်သံကြားသည်နှင့် ရောက်နေသောနေရာမှ JunMyeon ပြန်အလာကို နှုတ်ဆက်နေကျပင်ဖြစ်သည်…"MinMin!"
ဧည့်ခန်းထဲတွင်လည်း တိတ်ဆိတ်နေသည်…ဘယ်သူမျှ မရှိဘဲ တစ်ယောက်တည်း ဖြစ်နေသလို ခံစားရသည်…
MinMinသည် အပြင်သွားမည်ဆိုလျှင်လည်း
JunMyeonဆီ ကြို ဖုန်းဆက်ထားမြဲပင်…
ယခုတော့ ဘာဖုန်းမှလည်း မခေါ်ထား…
JunMyeon စိတ်ထဲ ထိတ်လန့် သွားသည်…ထမင်းစားခန်းထဲသို့ JunMyeon
ဝင်လာသည်…ထမင်းစားပွဲပေါ်တွင်
စာရွက်ခေါက်လေးတစ်ခုက
အခန့် သားရှိနေသည်…'Junကို ကြိုမပြောမိတာ တောင်းပန်ပါတယ်…Daeက ရုတ်တရက်ကြီး အိမ်ကို လာခေါ်ပြီး ခရီးသွားမယ်ဆိုတာနဲ့
MinMinလည်း ဘာမှပြင်ဆင်ချိန်မရလိုက်ဘဲ လိုက်သွားလိုက်ရတယ်…Junဆီ ဖုန်းခေါ်ရင် Jun တားမှာမှန်း သိနေတာကြောင့် ဖုန်းမဆက်လိုက်တာပါ…အခုဆို အိမ်မှာ
Jun တစ်ယောက်တည်းဖြစ်နေမှာမို့ လို့ 
အဖော်ရအောင် Krisကိုပါ အိမ်မှာ
လာနေခိုင်းဖို့  Daeက ပြောထားတယ်…
MinMin ပြန်မလာခင်အထိ Krisနဲ့ချစ်ချစ်ခင်ခင် အတူနေပါနော် Jun…
Junကို ချစ်တဲ့ Min´"Jong Dae hyungက တစ်ပတ်လောက် ကြာမယ်လို့ ပြောသွားတယ်"
အနောက်သို့ လှည့်ကြည့်လိုက်တော့
သော့တွဲလေးကို လက်ညှိုးမှာ လှည့်ရင်း JunMyeonဆီ တဖြည်းဖြည်း လျှောက်လာသော Krisကို အမြင်ကတ်ဖွယ် တွေ့ရသည်…