"Kris…BaekHyunကို ရှာဦး"
ဆူညံနေသော တီးလုံးသံအကြား တစ်ယောက်နဲ့တစ်ယောက်ပူးကပ်စွာ ကခုန်နေကြသော လူများကို JunMyeonတွေ့ရသည်…
ဘေးဘက်ရှိ စားပွဲဝိုင်းများတွင်လည်း မိန်းကလေး ချောချောလှလှများကို တစ်ဖက်တစ်ချက်မှာ ခြံရံလျက် မိန့် မိန့် ကြီးထိုင်ကာ အရက်သောက်နေသော ယောက်ျားသားများကိုလည်း တွေ့ရသည်…
အမျိုးသမီးများကလည်း ခန့် ခန့် ချောချော ကောင်လေးများကို မှီကာ၊ ချွဲကာဖြင့် တစ်နေ့ တာ ပင်ပန်းခဲ့သမျှကို ဖြေဖျောက်နေပုံရသည်…
တစ်သက်နှင့် တစ်ကိုယ် မျက်စိနှင့် တပ်အပ် မမြင်ဖူးသော အရာများကို မျက်မြင်တွေ့လိုက်ရသဖြင့် JunMyeonဆွံ့အလျက်ရှိသည်…"ဟိုမှာ BaekHyun"
Krisက လက်ညှိုးထိုးပြသည်…
BaekHyunက စားပွဲထိုးဝတ်စုံကို ဝတ်ကာ အရက်ပုလင်းသုံးပုလင်းပါသော ဗန်းကိုကိုင်လျက်…"သူက ဒီမှာ အချိန်ပိုင်းလုပ်တာလား…
JunMyeon""ဟင့်အင်း…ငါ မသိဘူး…ဒီမှာ အလုပ်
လုပ်တယ်လို့ သူတစ်ခါမှ မပြောဖူးဘူး"BaekHyunတို့ မိသားစုက
သူ့ အဖေဆုံးပြီးနောက်ပိုင်း စီးပွားရေး သိပ်အဆင်မပြေ…အိမ်၏ ပင်တိုင် စီးပွားရှာသူမှာ BaekHynအဖေတစ်ဦးတည်းသာ
ဖြစ်သည်မို့  မမျှော်လင့်သော ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသောအခါ BaekHyunမှာ အမေတစ်ခု သားတစ်ခုဘဝဖြင့် ဘဝကို ရုန်းကန်နေရမှန်း
JunMyeonသိသည်…
BaekHyunအမေက မလုပ်တတ် လုပ်တတ်ဖြင့် BaekHyunအဖေ၏ လုပ်ငန်းကို ဆက်လက်ဦးစီးသည်…သို့ သော် အဆင်မပြေ…BaekHyun အလယ်တန်းတက်နေစဉ် ကုမ္ပဏီသည် ဒေဝါလီခံလိုက်ရသည်…ထို့ နောက် BaekHyunအမေသည် ကိုယ်ပိုင်ရုံးခန်းတစ်ခုဖွင့်ကာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်သည်…
BaekHyunက စတိုးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်သည်…"ဒီမှာ အလုပ်လုပ်ရင် နည်းနည်းတော့ အန္တရာယ်များတယ်"
"ဘာလို့ လဲ"
"ခင်ဗျားကို ကျွန်တော့်ရှေ့က
ဖယ်ဖို့ ပြောနေတယ်နော်"Krisဆီက အဖြေကို နားစွင့်ထားမိစဉ် BaekHyun အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်…ဝုန်းဒိုင်းကြဲကာ ဆူညံနေသော တီးလုံးသံများအကြား အသံသည် တဖြည်းဖြည်းတိုးဝင်သွားသလို…