"သူများကျောင်းမှာ လာတက်နေရတာ တစ်မျိုးကြီးပဲ"
Student councilရဲ့အတွင်းရေးမှူး
ဖြစ်သော ChanYeolက JunMyeonကို တိုးတိုးလေး ကပ်ပြောသည်..."ကျောင်းအုပ်ဆရာမကြီးက အခုထိ မရောက်လာသေးဘူး...ဟိုဘက်ကျောင်းက လူတွေရောပဲ...ငါတို့ ကိုပဲ အစောကြီးလာခိုင်းနေတယ်"
JunMyeon မကျေမနပ်နဲ့ နှုတ်ခမ်းလေး စူကာ ပွစိပွစိပြောမိသည်...
ညနေကျောင်းဆင်းလျှင်
ကျောင်းနှစ်ကျောင်းလုံးက Student council အဖွဲ့သားအားလုံးကို အားကစားခန်းမမှာ
စုဖို့ ပြောထားသော်လည်း အခု JunMyeonတို့  အုပ်စုသာ အရင်ရောက်နှင့်နေလေသည်..."အင်းလေ...10မိနစ်တောင် ကျော်နေပြီကို"
ChanYeolက နာရီကို သူ့ ချစ်သူ မျက်နှာဟု မှတ်ယူကာ တစိမ့်စိမ့် ကြည့်နေသည်...ဘာမှလုပ်စရာမရှိဘဲ ထိုင်နေရသည်ကို ပျင်းလွန်း၍ စက္ကန့် လက်တံ ရွေ့လျားနေသည်ကိုပင် လိုက်ရေနေသလားထင်ရ၏...
#ဂျိန်း!
အားကစားခန်းမတံခါးကို ဆွဲဖွင့်လိုက်သံ...
အပြင်ကထိုးနေသော နေရောင်စူးစူးကြောင့် အခန်းထဲ ဝင်လာသူတွေကို JunMyeonတို့  သဲသဲကွဲကွဲမမြင်ရ..."အော်...ထပ်တွေ့ပြန်ပြီနော်...JunMyeon"
ဒီအသံ...နောက်တစ်ခါထပ်
မကြားချင်တော့တဲ့ အသံ...
JunMyeonနောက်ကို ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်မိသွားသည်...
နေရောင်ကြောင့် ပိုတောက်ပနေသော
ရွှေရောင်ဆံပင်တွေကို JunMyeon မြင်နေရသည်...ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ JunMyeonဆီ
လျှောက်လာသော လူတစ်ယောက်… ရုတ်တရက် မြင်လိုက်ရသော နှုတ်ခမ်းထက်က
ခပ်မဲ့မဲ့အပြုံးတစ်ခု...*မဖြစ်နိုင်တာ...ရေစက်က ဒီလောက်ထိ မပါသင့်ဘူးလေ...*
မျက်နှာချင်းဆိုင်တည့်တည့်မှာ လာရပ်သော Krisကို JunMyeon မျက်မှောင်ကြုတ်ကာ ကြည့်မိသည်...
Krisကတော့ မချိုမချဉ် မျက်နှာပေးနှင့်..."တွေ့ရတာ ဝမ်းသာပါတယ်...
ငါက XOXO high schoolရဲ့ student council president Kris Wu ပါ"လက်ဆွဲနှုတ်ဆက်ရန် ကမ်းလာသော လက်တစ်ဖက်ကို JunMyeon
ကြောင်ကြည့်နေမိသည်...
ဒီလိုလူက သူ့ လို student council presidentတဲ့လား...