"Sehun…bubbleteaနှစ်ခွက်
ပေးဦးကွာ"JunMyeon မှာလိုက်တော့ bubbleteaဘူးမှ ပိုက်ကို
တပြွတ်ပြွတ်စုပ်နေသော Sehunက မျက်လုံးလေးပြူးလျက် ကြည့်လာသည်…
ဖျော်ဖြေရေးအစီအစဉ်တွေ စနေပြီမို့  လာလည်ကြသော ကျောင်းသားကျောင်းသူများရော ဆိုင်ခန်းအသီးသီးမှ ကျောင်းသားများပါ ဖျော်ဖြေရေးပြုလုပ်ရာ
အားကစားခန်းမထဲသို့ ဝင်ရောက်နေကြပြီ
ဖြစ်သည်…တစ်ယောက်သောသူ Sehunအတွက်ကတော့ ဖျော်ဖြေရေးထက် bubbleteaက ပိုအရေးပါသည်…
ထို့ ကြောင့် ဘယ်သူမှ မရှိတော့သော ဆိုင်ခန်းမှာ တစ်ယောက်တည်း ထိုင်ကာ ဈေးဝယ်သူများအတွက် အသင့်ဖျော်ထားသော bubbleteaများကို တစ်ဘူးပြီးတစ်ဘူး ထိုင်သောက်နေသည်…သူ့ ဘေးမှာလည်း သောက်ပြီးသား buubleteaဘူးခွံများ
ပြန့် ကျဲနေသည်…bubbleteaသာ သက်ရှိဆိုလျှင် တော်တော်ကံကောင်းသည်ဟု ဆိုရမည်…အကြောင်းရင်းမှာ
သူ့ ကို အရိပ်တကြည့်ကြည့်နှင့် တစ်ခြားလူလက်ထဲပါမသွားစေဘဲ အနားကနေ တစ်ဖဝါးမခွာ ချစ်နေပေးသော Sehun ရှိနေ၍ ဖြစ်သည်…"မင်း ဖျော်ဖြေရေးသွားမကြည့်ဘူးလား"
"မကြည့်ဘူး…မင်းရော"
သူ သောက်ဖို့ ပြင်ထားသော bubbletea ဘူး မြောက်မြားစွာထဲမှ နှစ်ဘူးကို မပေးချင် ပေးချင်နှင့် JunMyeoလက်ထဲ ထည့်ပေးလာသည်…
"မကြည့်ဖြစ်ဘူး…ဒီရက်ပိုင်းပင်ပန်းထားတာတွေအတွက် နားရဦးမယ်"
နေ့ လယ်ပိုင်းမှာ ရောက်လာသော ကျောင်းအုပ်ဆရာ၊ဆရာမကြီးနှင့် ဆရာ၊ဆရာမများကို ဧည့်ခံပြီးနောက် JunMyeon နားဖို့ စဉ်းစားထားသော်လည်း Krisက မုန့် ဝယ်ခိုင်းသည်ကြောင့် JunMyeon မနားရဘဲ
မုန့် အဝယ်ထွက်လာရသည်…
ငြင်းပြန်ရင်လည်း Krisက အကြွေးနှင့်ခြိမ်းခြောက်ဦးမည်လေ…'အသားညှပ်ပေါင်မုန့် နှစ်ခုပါဝယ်လာခဲ့…´
Bubbleteaဝယ်ပြီးတော့ Krisရဲ့ မှာကြားချက်အတိုင်း အသားညှပ်ပေါင်မုန့် ဝယ်ဖို့ 
ဆိုင်လိုက်ရှာရသည်…ဆိုင်မှာ လူရှိနေသေး၍ တော်သေးသည်…"အသားညှပ်ပေါင်မုန့် နှစ်ခုပေးပါ"
ဖျော်ဖြေရေးအစီအစဉ်ကြည့်ဖို့ 
ဟန်ပြင်နေသော ကျောင်းသားမှာ JunMyeonကို ဘုကြည့်ကြည့်ကာ အသားညှပ်ပေါင်မုန့် နှစ်ခုကို ခပ်မြန်မြန်လုပ်နေသည်…