Part-8

1.1K 191 6
                                    

"Junက တော်တော်နာမည်ကြီးနေတာပဲ"

"ဟုတ်တယ်…အင်တာနက်မှာ SuHoဆိုပြီး
လူတော်တော်များများသိကြတယ်"

      MinSeokနှင့် Jong Daeသည် ခုတင်ပေါ်မှာ ဝမ်းလျားမှောက်နေကြပြီး လက်ပ်တော့တစ်လုံးတည်းကို အတူကြည့်နေကြသည်…
သူတို့ နှစ်ယောက်ကို သဘောတူလိုက်မိသည်မှာ မှားပြီလားတောင် JunMyeonထင်မိသည်…

       Jong Daeသည်
သူ့ ဓာတ်ပုံဆိုင်အပေါ်ထပ်ရှိ အခန်းမှာ မနေဘဲ
JunMyeonတို့ ဆီမှာ
လာအိပ်နေသော နေ့ ရက်တွေက  ပိုများလာသည်…
အစကတော့ မနက်စာ လာစားသည်၊
ညစာလာစားသည်…
နောက်တော့ မနက်စာ လာစားသည်၊
ညစာလာစားသည်၊ ညမိုးချုပ်သည်အထိနေသည်…
အခုတော့ ညပါအိပ်ဖို့ ကြံနေသည်…

        MinMinကလည်း
JunMyeonကို့ ပင် အချိန်သိပ်မပေးတော့ဘဲ သူ့ လူJong Daeအနားမှာသာ တောက်တဲ့လို ကပ်နေသည်…ထို့ ကြောင့် JunMyeonမှာ အထီးကျန်နေသည်…

"fashion companyတစ်ခုက မင်းကို
မော်ဒယ်လ်လုပ်ပေးဖို့ တောင် လာပြောနေပြီ"

"JunMyeonလေးက မိန်းကလေးလို လှတာကိုး"

    မျက်နှာလိုမျက်နှာရဝင်ပြောသော
Jong Daeကို MinSeokက တံတောင်နှင့် တို့ လိုက်သည်…
JunMyeonက သူ့ ကို မိန်းကလေးလို ချစ်စရာကောင်းကြောင်း၊
မိန်းကလေးလို လှကြောင်း ပြောလျှင် မကြိုက်တတ်ကြောင်းကိုလည်း Jong Daeကို MinSeokသတိပေးထားရပါဦးမည်…

"Seokkie…ကိုယ်တို့ ခရီးသွားရအောင်နော်"

"Junကို တစ်ယောက်တည်း ထားခဲ့ရမှာပေါ့"

"ရပါတယ် Krisကို လာနေခိုင်းလိုက်ရင် နှစ်ယောက် အဖော်ရတာပေါ့"

"Jun မပါဘဲ ဘယ်မှ မသွားဘူးလို့  ကတိပေးထားတယ်"

"Seokkieက ကိုယ်နဲ့နှစ်ယောက်တည်း မသွားချင်တာလား"

"မဟုတ်ပါဘူး Daeရယ်…"

       JunMyeonကို အခန်းထဲမှာ
ရှိသေးတယ်လို့ တောင် ထင်ကြရဲ့လားမသိ…
ခုတင်ပေါ်မှာ ခေါင်းချင်းတိုက်တော့မတတ်
ပူးကပ်ကာ နှစ်ကိုယ်ကြားစကားများ ပြောနေကြသော စုံတွဲတစ်တွဲကို JunMyeonကြည့်မရတော့…

"MinMin…ဒါတွေ အကုန်စမ်းဝတ်ကြည့်ပြီးပြီ အဆင်ပြေတယ်"

        MinMin အစမ်းဝတ်ခိုင်းထားသော အင်္ကျီများကို မြန်မြန်ဝတ်ပြီး၍သာ တော်တော့သည်…မဟုတ်လျှင်
MinMinကို သူ့ ဆီမှ လုသွားသော
Jong Daeအပေါ် အကုသိုလ်ပွားနေရသည်နှင့် JunMyeon အသက်တိုလိမ့်မည်…

Student Council PresidentWhere stories live. Discover now