"JunMyeon…ငါ့ကို စာတွေ ရှင်းပြပေးပါဦး"
"JunMyeon…ငါ့ကို စာအုပ်လေး ခဏငှားပါလား…စာပြန်ကူးချင်လို့ "
"JunMyeon…ငါ့ကို သင်္ချာတွက်တာတွေ ရှင်းပြပါလား"
စာမေးပွဲနီးပြီဆိုလျှင် KimJunMyeon၏နာမည်မှာ အတန်းထဲရှိ ကျောင်းသားတိုင်းရဲ့ ပါးစပ်ဖျားတွင်
ရေပန်းစားနေသည်…သူတို့ ၏ ချစ်လှပါသော
ရည်းစား၊ crushတို့ ကို သတိပင်မရတော့ဘဲ
JunMyeon ဘေးနားမှာသာ အချိန်ပြည့်ရှိနေကြသည်…
JunMyeon ဆိုသည်မှာလည်း စာမေးပွဲတိုင်းမှာ အဆင့်1 to 3 ရနေသူဆိုတော့ ဒီလိုအချိန်ဆို ကျောင်းသားတွေအကြား
ရုပ်ရှင်မင်းသား၊မင်းသမီးတွေထက်
နာမည်ကြီးနေတာ အဆန်းမဟုတ်…"ဒါက ဒီလို တွက်ရတာ…
ဒီလို ဒီလို…ရပြီမလား""ကျေးဇူးပဲ JunMyeonရေ"
JunMyeon အနားမှ
ကျောင်းသားတစ်ယောက် ထွက်သွားပြီးပြီးချင်း
နောက်တစ်ယောက်က JunMyeonဘေးက နေရာကို အတင်းဝင်လုသည်…"Sehun…မင်းငှားသွားတဲ့စာအုပ်ကို မနက်ဖြန်ပြန်ပေးနော်…ငါလည်း
ကျက်ရဦးမှာမို့ လို့ "ဘေးက ကျောင်းသား ရှင်းပြခိုင်းသည်များကို ရှင်းနေရင်း Sehunကို
လှမ်းအော်သည်…ဤလို အချိန်ဆို
JunMyeon စာအုပ်များဟာ
သူ့ လွယ်အိတ်ထဲမှာ မရှိဘဲ ကျောင်းသားများ၏လက်ထဲ တစ်ဆင့်ပြီးတစ်ဆင့် ရောက်သွားတတ်ကြသည်…စာအုပ်ပျောက်သည်မျိုးတော့ မရှိပေမယ့် ပြန်ပေးမယ်ဆိုသော အချိန်ကို ကျော်သွားတတ်ကြသောကြောင့်
JunMyeon မမေ့မလျော့ သတိလှမ်းပေးလိုက်ခြင်းဖြစ်သည်…
မကောင်းသောစိတ်ဖြင့် တမင်သက်သက် ပြန်မပေးကြခြင်းတော့ မဟုတ်…
စာမကျက်ရသည်များမှာ များသောကြောင့်
ဟိုဘာသာကို စိတ်ပူရနိုး ဒီဘာသာကို စိုးရိမ်ရနိုးဖြင့် စာအုပ်ပြန်ပေးရမည့် ရက်ကို မေ့သွားကြခြင်းပင်…
အထူးသဖြင့် Sehunနှင့် YiXing …
YiXingကတော့ နဂိုကတည်းက
မေ့တတ်သူမို့  ပိုဆိုးသည်…ဤသို့ JunMyeonတို့ အတန်းမှာ
မနက်ပိုင်းကျောင်းမတက်ခင် ဆူညံ ပွက်လောရိုက်နေကြသော်လည်း အတန်း၏ တစ်ဖက်ခြမ်းမှ Krisတို့ အတန်းကတော့ ကိုယ့်စာကိုယ်လုပ်ခြင်းဖြင့် တိတ်ဆိတ်နေကြသည်…