"ကျောင်းနှစ်ကျောင်းလုံးရဲ့ Student councilကို အခန်းတစ်ခန်းတည်းမှာ ထားမှာလား?"
ChanYeolရဲ့အမေးကို Krisက ခေါင်းညိမ့်ပြသည်…
"ကျောင်းအုပ်ဆရာကြီးနဲ့ဆရာမကြီးက ကျောင်းသားတွေကို ပိုရင်းနှီးစေချင်တယ်…"
အခန်းက အတော်ကျယ်သည်…
ခန်းဆီးလိုက်ကာများကိုပင် တပ်ဆင်ထားသည်…
အလင်းရောင် ကောင်းကောင်းရသည်…
နံရံကပ်စင်များတွင် စာရွက်စာတမ်းများက အပြည့်ရှိနေသည်…JunMyeonတို့ ရဲ့Student councilအတွက်တော့
မူရင်း Student councilအခန်းမှာမှ စားပွဲတွေကို ထပ်ထည့်ကာ ပြင်ဆင်လိုက်ပုံပင်…
စားပွဲများမှာ နှစ်လုံးပူးစီ ကပ်လျက် ရှိနေသည်…
JunMyeon ရဲ့စားပွဲမှာလည်း Krisနဲ့ ကပ်လျက်…ယခင်ကျောင်းက အခန်းထက် နှစ်ဆလောက် ကျယ်သော အခန်းကို JunMyeonကျောင်းသားတစ်သိုက် တအံ့တသြ လှည့်ပတ်ကြည့်နေကြသည်…
"ဒီမှာ ကျောင်းသားတွေရဲ့ အကြောင်းကြားစာတွေ ရောက်လာပြီ "
မျက်နှာဖြူနုနုနဲ့
ကျောင်းသားလေးတစ်ယောက်က ပုံးတစ်လုံးကို မနိုင့်တနိုင်သယ်လျက် အခန်းထဲဝင်လာသည်…"သူက Luhan…အတွင်းရေးမှူးလေ"
Krisက JunMyeonတို့ ကို
ရှင်းပြပြီးတော့ အတွင်းရေးမှူးဖြစ်သော ChanYeolက ဝမ်းသာအားရနှင့် Luhanကို သွားနှုတ်ဆက်သည်…"အကြောင်းကြားစာတွေကို အမျိုးအစားအလိုက် ပြန်ခွဲပြီး ဆရာကြီးကို ပြန်တင်ပြရမှာ…ဒီညတော့ မိုးချုပ်တော့မယ်ထင်တယ်"
Krisက နဖူးကို လက်နဲ့ ပွတ်ရင်း ငြီးငြူသည်…JunMyeonကတော့ မငြီးငြူ…
ကိုယ်တိုင် ကျေနပ်လို့ တာဝန်ယူထားသော အလုပ်ကို သဘောကျသည်…
စိတ်ရှုပ်စရာလို့ မတွေး…အများအကျိုးကို ဆောင်နေသည်လို့ ပဲ သဘောထားသည်…
Krisနဲ့ JunMyeonကတော့
ဆန့် ကျင်ဘက်တွေ များသော လူနှစ်ယောက် ပင်ဖြစ်သည်…JunMyeonက အထက်တန်းပထမနှစ်မှ အကြောင်းကြားစာအထုပ်ကို ယူပြီး သူ့ စားပွဲမှာ ထိုင်သည်…
"တော်တော် အလုပ်ကြိုးစားပုံပဲနော်"
Krisက အကြောင်းကြားစတစ်ထုပ်ကို ယူပြီး စားပွဲမှာ ထိုင်ရင်း JunMyeon အနားကပ်ပြောသည်…