ဒီနေ့ ကျောင်းပွဲတော်
ကျင်းပမည့်နေ့ ဖြစ်သည်…
နှစ်ကျောင်းပေါင်း ကျင်းပသည်ဆိုသော်လည်း
JunMyeonတို့ ကျောင်း၏ ပွဲတော်ဆိုတော့
အဓိကပြင်ဆင်ရသူများမှာ
JunMyeonတို့ ကျောင်းကပင် ဖြစ်သည်…
တစ်ဖက်ကျောင်းကလည်း ကျောင်းရှေ့အပြင်အဆင်အတွက်၊ ဈေးဆိုင်များပြင်ဆင်ရေးအတွက် ဝိုင်းကူလုပ်ပေးသည်…
တစ်ခြားကျောင်းကသူများပါ လာမည်ဆိုတော့ ယခင်ကထက် ပိုအလုပ်ရှုပ်သည်ကတော့ အမှန်…ပွဲစသည့်အချိန်ရောက်တော့ ကျောင်းဂိတ်တံခါးကိုဖြတ်ကာ တစ်ခြားကျောင်းမှ ကျောင်းသားကျောင်းသူများ ဝင်လာကြသည်…
ကျောင်းရှေ့မြေကွက်လပ်က ဈေးဆိုင်များမှာ တဖြည်းဖြည်း လူစည်လာသည်…
အတန်းတစ်တန်းလျှင် တစ်ဆိုင်ကျ ဈေးဆိုင်ဖွင့်ကြသည်ကြောင့် ဆိုင်များက စုံလှသည်…JunMyeonတို့ အတန်းက
အအေးနှင့် မုန့် အချိုများ ရောင်းသည်…
ထိုဆိုင်ကို တာဝန်ယူထားသူများထဲတွင် SeHunပါသည်…
ဘယ်အသင်းအဖွဲ့မှာမှ တက်ကြွစွာ ပါဝင်လိုခြင်းမရှိသော SeHunတစ်ယောက် ဤဆိုင်မှာ လိုလိုချင်ချင် ကူညီလုပ်ကိုင်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်က သူကြိုက်သော bubbleteaကို တစ်ခွက်မက မြောက်မြားစွာ စိတ်တိုင်းကျ သောက်နိုင်ဖို့ ဖြစ်သည်…ဆိုင်မှာ ကူညီပေးသည်ထက် bubbleteaကို ပေါ်တင်တစ်မျိုး ၊ ခိုးဝှက်၍တစ်မျိုး
သောက်သည်က များနေသောကြောင့် ဆိုင်အရင်းပြုတ်မည့်ကိန်းကို JunMyeonမြင်နေ၍ လှမ်းသတိပေးလိုက်ရသေးသည်…"ဒီနေ့ ကတော့ ကျွန်တော်တို့ Seoul High Schoolရဲ့ပွဲတော်ပဲဖြစ်ပါတယ်…
ဒီလိုထူးခြားတဲ့နေ့ လေးမှာ ရင်ခုန်စရာ အစီအစဉ်လေးတစ်ခုကို
ပြုလုပ်ဖို့ စီစဉ်ထားပါတယ်…
အစီအစဉ်ရဲ့ခေါင်းစဉ်လေးကတော့
'နှလုံးသားမှ ခံစားချက်များ´ဖြစ်ပါတယ်…
အဲဒီအစီအစဉ်အကြောင်းကို
ကျွန်တော်တို့ ကျောင်းဝင်ပေါက်မှာ ကြေညာထားပြီးဖြစ်ပေမယ့် မမြင်လိုက်ရတဲ့သူတွေအတွက် အခုထပ်ကြေညာပေးပါ့မယ်"အသံလွှင့်ခန်းတွင် တာဝန်ယူထားသော YiXingအသံက ကျောင်း၏ နေရာအနှံ့မှာ တပ်ဆင်ထားသော စပီကာများမှ မရပ်မနားထွက်ပေါ်လာသည်…
သူပြောနေသော အစီအစဉ်မှာ မိမိသဘောကျနေသောသူများကို တိုက်ရိုက်မဖွင့်ပြောနိုင်သူများအတွက် အထူးရည်ရွယ်သည်…ဖွင့်ပြောလိုသူက ပြောလိုသောစကားများကို စာရွက်ဖြင့် ရေးလာကာ အသံလွှင့်ခန်းသို့ လာပေးရမည်ဖြစ်သည်…
အသံလွှင့်နေသောYiXingက ထိုစာကို ဖတ်ပြခြင်းဖြင့် တစ်ဖက်လူကို သိစေမည်…
ထိုအစီအစဉ်သည် JunMyeonတို့ လို
ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စိတ်လှုပ်ရှားမှုကို အပြည့်အဝပေးစေမည်ဟု
ပွဲတော်မှာ ထည့်သွင်းရမည့် အစီအစဉ်များကို ဆွေးနွေးစဉ်က Student councilအဖွဲ့သားများအားလုံး ထောက်ခံခဲ့ကြသည်…