#တောက်!
တစ်စုံတစ်ခုက JunMyeon ပခုံးကို အရှိန်ပြင်းစွာ လာထိသည်…
အောက်သို့ ပြုတ်ကျသွားသော စက္ကူလုံးလေးကို ပေါက်ထွက်သွားမတတ် JunMyeonစိုက်ကြည့်နေမိသည်… ပုံမှန်အချိန်ဆို စက္ကူလုံးနဲ့ပစ်ပေါက်သူကို ဝုန်းဒိုင်းကြဲကာ ပြဿနာရှာပြီးဖြစ်သော်လည်း
ယခု အရှေ့မှာ ဆရာစာသင်နေသည်မို့  JunMyeon ဘာမှမလုပ်နိုင်ဘဲ ငြိမ်နေရသည်…ခေါင်းကို အနည်းငယ်စောင်းငဲ့ကာ အနောက်ကို မသိမသာလှည့်ကြည့်လိုက်သည်…
အကုန်လုံးက မူမပျက်ဘဲ စာအုပ်ဆီမှာသာ အာရုံရှိနေကြသည်မို့  တရားခံ ဘယ်သူလဲဆိုတာ
JunMyeon ခန့် မှန်းမရ…#တောက်!
အရှေ့ကို ပြန်လှည့်လိုက်ချင်းပင်
JunMyeon ခေါင်းကို စက္ကူလုံးနောက်တစ်လုံးက လာထိပြန်သည်…
ဒီတစ်ခါတော့ အရှိန်ပိုပြင်းသည်ကြောင့် JunMyeon ခေါင်းပိုနာသွားသည်…JunMyeonရဲ့ ဒေါသက ထိပ်ဆုံးသို့ 
ရောက်သွားလေပြီ…အနောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ စက္ကူလုံးတစ်ချို့ကို လုံးနေသော Kris နှင့် ပက်ပင်းတိုးသည်…
ချက်ချင်း လှည့်ကြည့်မည်မထင်ထားသော JunMyeonနှင့် မျက်လုံးချင်းစုံသွားသဖြင့်
Krisမှာလည်း စက္ကူလုံးများကို ဆက်လုံးရမလို၊ စားပွဲအောက်မှာပဲ ဖွက်လိုက်ရမလို ဖြစ်သွားသည်…"ဟေ့…ဟိုကျောင်းသားနှစ်ယောက် စာသင်ချိန်မှာ အကြည်ဆိုက်နေကြတာလား"
ကျန်တဲ့အချိန်မှာ သဘောကောင်းသလောက်
စာသင်ချိန်မှာ စည်းကမ်းကြီးလွန်းသော အင်္ဂလိပ်စာဆရာ၏ စကားကြောင့် တစ်တန်းလုံးရဲ့အကြည့်တွေက အနောက်လှည့်နေသောJunMyeonနှင့်
စာအုပ်ကို မကြည့်ဘဲ JunMyeonကို ကြည့်နေသော Krisဆီ ရောက်လာသည်…"သွား…နှစ်ယောက်စလုံး စာသင်ချိန်ပြီးတဲ့အထိ အတန်းအပြင် ထွက်နေကြ"
ဆရာက စာသင်ချိန်မှာ စာလိုက်မလုပ်လျှင် စိတ်အလွန်ဆိုးသည်…တကယ်ဆို JunMyeon အနောက်သို့ လှည့်မကြည့်ဘဲ
စိတ်ထိန်းပြီး ဆရာနဲ့
လှမ်းတိုင်လိုက်ဖို့ ကောင်းသည်…အခုတော့
ဖြေရှင်းချက်ပေးလည်း မရတော့မှန်း ကြိုသိထားသဖြင့် အင်္ဂလိပ်စာ
စာအုပ်ကလေးကိုင်လျက်သာ အတန်းအပြင်သို့ 
ထွက်လာခဲ့တော့သည်…