🍉မောင်🍉
💕ChenXiu💕Jueလဲပြန်သွားပြီမို့ အရာရာအရင်တိုင်းပြန်လည်လည်ပတ်နေပီ..
Jongdaeအခုတလော သတိထားမိနေသည်။သူ့ဆိုင်အမြဲလာထိုင်သူ မရွှေချောမလာ.. ဆိုင်ကကောင်လေးတွေ ဒါကြောင့်ငြိမ်ချက်သားကောင်းနေတာ.. Taoနဲ့Taeyongနဲ့တောင် အတော်လေးခင်နေတဲ့သူမ..
မမဖုန်းဆက်၍ Luခြံအပြင်ကထွက်စောင့်နေတာ.. Luလဲစာမေးပွဲဖြေပီး ကျောင်းပိတ်ပီမို့ အိမ်မာတင်ရှိသည်။ကျောင်းပိတ်ရက် သူတို့တဖွဲ့လုံးspeakingတက်ဖို့တော့ တွေးထားပေမဲ့.. Luကတော့ ကိုကို့ကို ဒုက္ခမပေးချင်ပါ.. သူ့ကျောင်းစရိတ်နဲ့တင်လွန်လှပီမလား?
"ဟော မမလာပီ"
"Lu"
"မမ မျက်နှာလဲမကောင်းပါလား?ဘာင်္တေဖြစ်နေတာလဲ luကိုရင်ဖွင့်လေ.."
"Lu"
"Naeမမ"
"မမပြောပြစရာရှိတယ်"
"ဟုတ်ပြောပါမမ"
ခြံထဲက ခုံလေးမှာထဲရင်းစကားပြောဖြစ်ကျသည်။
"Luမသိသေးတဲ့အကြောင်းအရာတစ်ခုကို မမပြောပြမယ်.. မမဒိလိုမှမပြောရရင် မမမွန်းကျပ်လို့ရူးနိုင်တယ်"
"ပြောပါမမ. Luနားထောင်ပါ့မယ်"
Xiuသူနဲ့Jongdaeနဲ့တွေ့ဖြစ်ကျတဲ့ ဟိုအရင်အတိတ်ကအကြောင်းတွေကို အစအဆုံးပြောပြလိုက်သည်။
"ဟင် ဒါဆို မမနဲ့ကိုကိုကငယ်ငယ်ကထဲက သဘောတူထားတာပေါ့"
"အင်း"
"၀ါး ပျော်လိုက်တာ..luဆန္ဒတကယ်ဖြစ်လာပြီ.. မမနဲ့ကိုကို့ကို luဘယ်လောက်သဘောတူလဲမမသိလား?"
"ဟို Luက. တကယ်သဘောတူတာလား?Jueကရော"
"Jue unnieနဲ့လဲသဘောတူခဲ့တယ်.. ဒါပေမဲ့ မမကိုမြင်တော့ ကိုကိုနဲ့မမနဲ့ကမှ ပိုလိုက်ဖက်တာလို့မြင်လာတယ်.. ပြီးတော့ မမမိဘတွေက လိုလိုလားလားသဘောတူတာလေ.. Jue unnieမိဘတွေက ကိုကိုနဲ့သဘောတူမှာမဟုတ်ဘူးluသိတယ်. ပီးတော့ Jue unnieထက် မမကိုပိုချစ်တယ်လေ. အာ ဒါနဲ့ အပျိုကြီး မှန်မှန်ညာပြောနော်.. ကိုကို့ကိုချစ်နေခဲ့တယ်မလား?"
BẠN ĐANG ĐỌC
မောင်(Zawgyi) မောင်(Unicode)(Completed)
FanfictionJongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်" JongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်"