🎀မောင်🎀
🎈ChenXiu🎈"ကျနော်တို့ကွာရှင်းရအောင်"
"ကွာရှင်းမယ်.. ဘာလို့လဲမောင်ရယ်.ကျမမှာဘာအပြစ်တွေရှိလို့ ကွာရှင်းချင်ရတာလဲ"
"အပြစ်?အပြစ်လား သိပ်ရှိတာပေါ့ဗျာ. ခင်များနဲ့ခင်များအဖေပေါင်းပြီး လိမ်ညာထားတဲ့ကိစ္စက အပြစ်မဟုတ်ဘူးလား?"
"appaနဲ့ပေါင်းလိမ်တယ်.. မောင် ဘာတွေပြောနေတာလဲ ကျမဘာမှနားမလည်ဘူး"
"အခုမှ ရိုးသားချင်ယောင်မဆောင်ပါနဲ့. ကျုပ်appaလက်မှတ်မဟုတ်ဘဲ.. လက်မှတ်အတုထိုးပီး ကျုပ်ကိုလိမ်တယ်.. ခင်များဘက်ကငြင်းပေးပါလို့တောင်းဆိုတော့ ငြင်းမရအောင်ပြောတယ်.. ခင်များကြောင့် ကျုပ်ချစ်သူနဲ့ကွဲရတာ.. အခုကျနော့်ချစ်သူနဲ့လက်ထပ်တော့မယ် ကွာရှင်းပေးပါ"
"Miyanမောင်.. ကျမကွာရှင်းမပေးနိုင်ဘူး.
ကျမဘ၀မှာ တစ်ခုလပ်တစ်လင်ကွာဆိုတဲ့အမဲစက်ကြီးစွန်းထင်းမခံနိုင်ဘူး.. ကျမကမိကောင်းဖခင်သားသမီးပါ.. ကျမသိက္ခာကျမခံနိုင်ဘူး"Xiuအပြတ်ပြောကာ အခန်းထဲကထွက်ပီး ဆေးရုံခေါင်းမိုးထပ်သွားကာ ငိုတော့သည်။
တကယ်တော့ မောင့်ကိုပြောခဲ့တာ စိတ်ရင်းအမှန်တွေမဟုတ်.. သူမချစ်လွန်းလို့ကွာရှင်းမပေးနိုင်တာပါ..
"Min lay.. နင်မင်းသမီးလုပ်စားပါလား.နင်မျက်ရည်တွေအရမ်းပေါတာဘဲ"
"Fan Fan.. "
"နင့်ကိုစတွေ့တဲ့နေ့ကထဲက အခုချိန်ထိ နင်စိတ်ချမ်းသာတာငါမမြင်ဖူးသေးဘူး.. "
"Fan Fan ငါ"
"မပြောနဲ့Min lay.. Jongdaeကိုနင်အဲ့လောက်ချစ်တာလား?နင့်ကိုတစ်စက်ကလေးမှ ကောင်းကျိုးမပေးတဲ့ကောင်ကို နင်စိတ်မနာဘူးလား?နင့်ကိုအမြဲငိုအောင်လုပ်နေတဲ့ကောင်ကို နင်ဘယ်အချိန်ထိတွယ်တာနေဦးမှာလဲ ဟမ်.Min lay"
Yifanပုံက ဒေါသအရမ်းထွက်နေသည့်ပုံ.. Xiuပုခုံး၂ဖက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ Xiuကိုအားမရသလိုမေးနေသည်။
YOU ARE READING
မောင်(Zawgyi) မောင်(Unicode)(Completed)
FanfictionJongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်" JongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်"