XC:12

2.1K 192 18
                                    

💮မောင်💮
🍃ChenXiu🍃

honeymoon၂ရက်​မှာ သတို့သားကဆိုဖာမှာအိပ်​ပီး သတို့သမီးကခုတင်​​ပေါ်မှာ မျက်​ရည်​​တွေနဲ့အိပ်​ခဲ့ရတဲ့အဖြစ်​က ကျမတ​ယောက်​ဘဲရှိမယ်​ထင်​တယ်​.

ဒါ​ပေမဲ့ ကျမစိတ်​မဆိုးမိပါဘူး.ကျမက ​မောင့်​ကိုရူး​အောင်​ချစ်​မိတာ​လေ. ​နဂိုထဲက ​မောင်​က ကျမကိုမချစ်​ဘူး.ကျမက ​မောင့်​ကိုအရမ်းချစ်​တယ်​.ဆန့်​ကျင်​ဘက်​ ခံစားချက်​၂ခုနဲ့ကျမတို့​ပေါင်းဖက်​ခဲ့ရတာဘဲမလား?ဘာဘဲဖြစ်​ဖြစ်​ ​မောင်​က ကျမအပိုင်​ဖြစ်​​နေပီ​လေ..

"ကျွီ"

အခန်းတံခါးဖွင့်​ပီးဝင်​လာတဲ့​မောင်​.အိပ်​ယာနိုးလာပီထက်​ပါရဲ့.. ဟုတ်​တယ် ​မောင်​ကကျမနဲ့တခန်းထဲအတူမအိပ်​ဘူး စာကြည့်​ခန်းထဲမာသွားအိပ်​တယ်​​လေ.

မနက်​ဆိုထလာပီး ကျမတို့၂​ယောက်​​အခန်းထဲဝင်​လာပီး ​ရေ၀င်​ချိုးမယ်​.ပီးရင်​ ကျမထုတ်​​ပေးထားတဲ့အ၀တ်​စားနဲ့ဆန့်​ကျင်​ဘက်​အ​ရောင်​တစ်​ခုကို သူ့ဘာသာ​ရွေးထုတ်​ပီးဝတ်​မယ်​.ကျမမျက်​နှာကိုတစက်​က​လေးမှ မကြည့်​ဘဲအခန်းထဲထွက်​သွားမယ်​. ပီးရင်​​တော့ မနက်​စာစားပီး ကုမ္ပဏီကိုသွားမယ်​.. ​နေ့စဉ်​ဖြစ်​​နေတဲ့​အဖြစ်​အပျက်​​တွေမို့ ကျမအတွက်​ရိုး​နေပါပြီ..

လက်​ထပ်​ပီးကထဲက appaက ​မောင်​တို့​မောင်​နှမ၂​ယောက်​လုံးကို ကျမတို့အိမ်​မှာဘဲ​နေ​စေသည်​။မောင့်​ကိုလဲ ​သူ့ကုမ္ပဏ်ီမှာ​နေရာ​ပေးပီး သူ့လုပ်​ငန်းများကိုဦးစီး​စေသည်​။ 

မောင်​သည်​ အလွန်​ဟန်​​ဆောင်​​ကောင်းသည်​။
appaတို့​ရှေ့မှာဆို ပြုံး​နေတက်​​ပေမဲ့.appaတို့မျက်​နှာကွယ်​တာနဲ့ ​မောင့်​အပြုံး​တွေ​ပျောက်​သွားတက်​သည်​။မောင့်​အပြုံးနဲ့တာင်​ မထိုက်​တန်​တဲ့ကျမရယ်​ပါ..

ကျမကလဲ ၀ါသနာပါလို့လုပ်​​နေတဲ့ ဒီဇိုင်းလုပ်​ငန်းကို မစွန့်​လွှတ်​နိုင်​တဲ့အတွက်​ အလုပ်​မှာဘဲ​သောင်​တင်​​နေ​တော့ ​မောင်​နဲ့ကပို​ဝေး​နေသည်​။ဒါ​ပေမဲ့ ကျမစိတ်​ကူးယဉ်​ခဲ့တာက မနက်​ခင်းအလုပ်​မသွားခင်​ ​မောင့်​အတွက်​အင်္ကျီထုတ်​​ပေးမယ်​.ကျမထုတ်​​ပေတဲ့အင်္ကျီကို ​မောင်​၀တ်​တဲ့အခါ ကျမကကြယ်​သီး​လေး​တေတပ်​​ပေးမယ်​.. ​​မောင်​နဲ့အတူမနက်​သာအတူစားပီး အလုပ်​ကို​မောင်​နဲ့အတူသွားမယ်​.. ​ဒါ​တေက ကျမစိတ်​ကူးယဉ်​မှုတစ်​ခုပါ..

မောင်(Zawgyi) မောင်(Unicode)(Completed)Wo Geschichten leben. Entdecke jetzt