XC:20

3.1K 237 24
                                    

🦋မောင်🦋
💐ChenXiu💐

"မသွားပါနဲ့.. ထားမသွားပါနဲ့.. အား"

"​မောင်​ ​မောင်​"

ညသန်း​ခေါင်​ကြီးမှ ထ​အော်​တဲ့Dae​ကြောင့်​ Xiuနိုးလာသည်​။

"​မောင်​ အိမ်​မက်​ဆိုး​တွေမက်​​နေတာလား?​ရေ​သောက်​လိုက်​ ​မောင်​"

ရေခွက်​​လေးကမ်း​ပေး​တော့ ယူပီးအငမ်းမရ​သောက်​ကာ ​မောဟိုက်​​နေလို့ ​ချွေး​တွေ​တောင်​ပျံ​နေတဲ့Daeကိုကြည့်​ပီး Xiuလဲစိတ်​မသက်​သာ..

"​မောင်​ car accidentဖြစ်​တုန်းကအ​ကြောင်း​တွေ ပြန်​မက်​​နေတာလား?အဲ့အ​ကြောင်းကို​ခေါင်းထဲကထုတ်​ပီး ​အေး​အေး​ဆေး​ဆေးပြန်​အိပ်​​တော့​နော်​"

ရေခွက်​ကိုပြန်​ထားရန်​ ထမလို့ပြင်​​နေတဲ့Xiuကို Daeဆွဲထားပီး..

"မသွားပါနဲ့..ကျ​နော်​အိပ်​​ပျော်​တဲ့အထိ ​စောင့်​​ပေးလို့ရမလား?"

"အင်းပါ​မောင်​ရယ်​.. မသွားပါဘူး.. ​ရေခွက်​ထားမလို့"

တကယ်​​တော့Daeမက်​​နေတာ accidentကအဖြစ်​အပျက်​​တွေမဟုတ်​..

အိမ်​မက်​ထဲမှာ Xiuကသူ့ကိုကွာရှင်းပီး Yifan​နောက်​လိုက်​သွားသည်​။သူဘယ်​​လောက်​​တောင်းပန်​ပီး​ပြော​ပြော Xiuကသူ့ကိုလှည့်​မကြည့်​..

ထိုအိမ်​မက်​ကိုမက်​ပီး သူ့စိတ်​ထဲ​ခြောက်​ခြားလာသည်​။ချစ်​ရသူJueကလဲသူ့ကိုထားပီးထွက်​သွားပီ.. သူ့အနားမှာဘယ်​သူမှမရှိ..

"အိပ်​​တော့​​လေ​မောင်​"

Xiuလက်​ကိုကိုင်​ကာ.. Daeမျက်​လုံး​တွေမှိတ်​လိုက်​သည်​။

"ကျ​နော်​အိပ်​မ​ပျော်​မချင်း​ကိုင်​ထား​​ပေးပါ.. ကျ​နော်​အဲ့လိုမှအိပ်​​ပျော်​တာမို့"

တကယ်​​တော့ ကျ​နော့်​​ဘေးနားက ခင်​များထွက်​သွားမှာ​ကြောက်​တာ.. ကျ​နော်​အတ္တကြီးပါရ​စေ.ဘယ်​သူမှမရှိ​တော့တဲ့အချိန်​မှာ ခင်​များကို​တာ့ ကျ​နော့်​အမလို.အ​မေလိုအားကိုးချင်​မိတာ..

"စိတ်​ချ.. ​မောင်​အိပ်​​ပျော်​တဲ့အထိ​စောင့်​​ပေးမယ်​ အိပ်​​တော့"

မောင်(Zawgyi) မောင်(Unicode)(Completed)Onde histórias criam vida. Descubra agora