🌿မောင်🌿
⛄ChenXiu⛄ညစာစားပီးလို့ အခန်းထဲဝင်လာပြီး ညအိပ်အင်္ကျီလဲပြီး စာကြည့်ခန်းထဲတန်းဝင်သွားတက်တဲ့မောင်က အခုကျအခန်းထဲက စားပွဲမှာအလုပ်လုပ်နေသည်။
သူမလဲရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်သည်။စိတ်တွေမကြည်တာကြောင့် ခေါင်းပါလျှော်လိုက် အချိန်ကြာသွားသည်။
ရေချိုးခန်းထဲကထွက်လာတော့ မောင်ကခုတင်ပေါ်မှာအိပ်နေသည်။မောင်ကဘယ်လိုဖြစ်လို့ အခန်းထဲမှာအိပ်နေရတာလဲ..
Xiuလဲ ခေါင်းကိုdryerနဲ့မှုတ်ပီးအခြောက်ခံလိုက်သည်။ဒီဇိုင်းအသစ်ကိုချဆွဲရင်း အချိန်အတော်ကြာတော့
"၀ါး အိပ်တော့မယ်..ဟမ် မောင်နဲ့ငါဘယ်လိုအိပ်ရမလဲ"
ခုတင်ပေါ်ကမောင့်ကိုကြည့်ပြီး ခုတင်ပေါ်တက်ရနိုး.. စာကြည့်ခန်းထဲသွားအိပ်ရမလားစဉ်းစားနေသည်။
စာကြည့်ခန်းထဲဝင်ကြည့်တော့ ဟင် ဆိုဖာလဲမရှိဘူး.. မောင့်အလုပ်ခန်းထဲမှာဆိုဖာတော့ရှိမယ်ထင်ထားတာ.. ဒါဆို မောင်ဘယ်လိုအိပ်နေတာလဲ?ဒုက္ခဘဲ မောင်ကစာကြည့်စားပွဲမှာဘဲ ဒီအတိုင်းအိပ်ခဲ့တာလား?
သူမဟာ မိန်းမတယောက်ဖြစ်ပီး ကိုယ့်ယောကျာ်းဘယ်လိုအိပ်လဲမသိခဲ့ရပါလား?မောင်ရယ် ကျမကို ဘယ်လောက်တောင်မုန်းနေလို့ ကိုယ့်ကိုကိုယ်ဒုက္ခခံနေပါလိမ့်.. Xiuလဲမတက်နိုင်တဲ့အဆုံး ကိုယ့်အခန်းကိုပြန်ဝင်လာရသည်။
မောင်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာဘဲ.
မောင့်က်ု စောင်ခြုံပေးပြီး ဘေးကနေထိုင်ကြည့်နေမိသည်။မောင်သည်အရမ်းချောတဲ့သူတယောက်..
မောင်ဟာ ကျမရဲ့အသည်းစိုင်.
မောင်ဘယ်လောက်မုန်းမုန်း ကျမကချစ်တယ်.
မောင်မျက်နှာလေးကိုကိုင်ကြည့်ချင်မိတဲ့စိတ်နဲ့လက်အလှမ်းပီးမှ ပြန်ရုတ်မိသည်။မောင်မသိပေမဲ့ မောင်မကြိုက်တာကျမဘာမှမလုပ်ချင်ဘူး.မောင်အေးချမ်းစွာအိပ်ပါမောင်..
VOUS LISEZ
မောင်(Zawgyi) မောင်(Unicode)(Completed)
FanfictionJongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်" JongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်"