👒မောင်👒
🍃ChenXiu🍃မနက်ခင်းရဲ့နေရောင်က အခန်းပြတင်းပေါက်ကနေ၀င်ရောက်လာသည်။
အရင်ကအိပ်ယာနိုးချိန်ဆို ကြမ်းပြင်မှာအိပ်ခဲ့ရတာကြောင့် အေးစက်မှုကကြိုဆိုနေသည်။
အခုတော့အရင်ကနဲ့မတူ.. နွေးနေသည်။ထိုအနွေးဓာတ်ကိုပိုရလို့ရငြား ခန္ဓာကိုယ်တစ်ခုလုံးတိုးဝင်မိသည်။
ရင်ခွင်ထဲနေ လှုပ်စိလှုပ်စိနဲ့သူ့ရင်ထဲပိုတိုးလာတဲ့ခန္ဓာကိုယ်လေးကြောင့် Daeနိုးလာသည်။
မျက်လုံးကိုဖွင့်ကြည့်မိတော့ သူ့ရင်ထဲကိုတိုးဝင်ကာ သူ့ကိုလဲတိုးဖက်လာတဲ့Xiuကြောင့် ပြုံးမိသည်။
Xiuအိပ်နေရင်း လက်ကDaeရင်ဘတ်ကိုကိုင်မိရာ..
"မာမာကြီး ဘာကြီးလဲ"
မျက်လုံးကမဖွင့်သေးဘဲ..Daeရင်ဘတ်ကိုသာ ဟိုစမ်းဒီစမ်းနဲ့ပြောနေသောXiu..
Xiuလက်ကစမ်းနေရင်းရပ်တန့်သွားသည်။အလန့်တကြားမျက်လုံးတွေဖွင့်လာတော့ Daeအမြန်ဘဲ အိပ်ချင်ယောင်ဆောင်လိုက်သည်။
"ဟင် မောင်.. မောင်ကငါ့ဘေးနားဘယ်လိုရောက်နေတာလဲ?"
Xiuသူ့ကိုယ်သူငုံ့ကြည့်မိတော့ အင်္ကျီမလဲရသေးတာမြင်ပီး..
"အာ မနေ့ညကငါမူးနေခဲ့တာဘဲ.. အား ရူးချင်တယ်.. မူးမူးရူးရူးနဲ့မောင်ခုတင်ပေါ်တက်အိပ်ခဲ့တာလားမသိဘူး.. မောင်နိုးလာလို့ငါ့ကိုမြင်ရင် စိတ်တိုနေဦးမယ်.. မြန်မြန်ထမှ"
Xiuထသည်.. မရ .. Daeလက်ကဖက်ထားတော့ ဘယ်လိုမှထမရ.. Daeကလဲ Xiuပြောသမျှကြားနေရသည်။
Xiuရင်ခွင်ထဲကနေပီး Daeကိုမော့ကြည့်လိုက်သည်။မျက်နှာတဖက်က အမာရွတ်ကြီးရှိနေတာကလွဲလို့ ရှင်းသန့်ချောမောလွန်းတဲ့သူ..
Daeနှာခေါင်းလေးတလျှောက် လက်ညိုးလေးနဲ့ထိကြည့်သည်။ထို့နောက် အမာရွတ်ရှိနေသည့်မျက်နှာပြင်အား အသာယာလေးပွတ်သတ်နေသည်။
YOU ARE READING
မောင်(Zawgyi) မောင်(Unicode)(Completed)
FanfictionJongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်" JongDae::"မင်းကို အရမ်းမုန်းတယ် Kim Xiumin" Xiumin::"မောင့်ကိုအရမ်းချစ်တယ်"