XC:11

2K 177 7
                                    

🎄မောင်🎄
🍡ChenXiu🍡

"ကိုကိုရယ်​ မျက်​နှာကြီးကလဲ ဘယ်​လိုကြီးဖြစ်​​နေတာလဲ.. အဲ့လိုကြီးမှုန်​မ​နေပါနဲ့ ကိုကိုကအဲ့လိုဖြစ်​​နေ​တော့ မမကဘယ်​စိတ်​မ​ကောင်းမလလို့.. ​ပျော်​​ပျော်​​နေ​နော်​"

"ကိုကို ဘယ်​လိုစိတ်​နဲ့​ပျော်​မှာလဲငယ်​မရယ်​.ကိုကိုမှ Xiumin noonaကိုမချစ်​တာ"

"​အော်​ ​နောက်​​တော့လဲချစ်​လာမှာ​ပေါ့ကိုကိုရယ်​"

ဘယ်​လိုလုပ်​ဖြစ်​နိုင်​ပါ့မလဲ ညီမ​လေးရယ်​..
ကိုကိုဘ၀မှာ Jueတ​ယောက်​ထဲကိုတစ်​ဘ၀လုံးစာရည်​ရွယ်​ပီးချစ်​ခဲ့တာ​လေ..

ဒီခန်းမကြီးထဲကထွက်​​ပြေးချင်​တယ်​.ဟုတ်​တယ်​ ဒီ​နေ့က ကျ​နော်​နဲ့xiumin noonaနဲ့လက်​ထပ်​ရမဲ့​နေ့.. arjushiကအဲ့​လောက်​မြန်မြန်​စီစဉ်​လိမ့်​မယ်​လို့မထင်​ထား.. အခု​တော့ ကျ​နော့်​အတွက်​ပြင်​ဆင်​ချိန်​​တောင်​မရခဲ့ဘူး..

ကျ​နော်​ Jueကိုမတားခဲ့မိတာ​နောင်​တရမိသည်​။အခုချိန်​Jueရှိလျှင်​ ကျ​နော့်​ချစ်​သူပါလို့​ပြောပြီး ဒီမင်္ဂလာပွဲကိုငြင်းခဲ့မိမှာ.. အခု​တော့ ကျ​နော့်​ချစ်​သူပါဆိုပီး ​ခေါ်ပြစရာJueကမရှိ..

"​အော်​ သမီးLu​လေးကဒီမှာကိုး.. သမီးအန်​တီကိုသွားကူလိုက်​ပါဦးကွယ်​.. သမီးအန်​တီဧည့်​သည်​​တေနဲ့တ​ယောက်​ထဲဖြစ်​​နေမှာစိုးလို့"

"Nae"

Chang Wook arjushi၀င်​လာပြီး luကို​အပြင်​ထုတ်​လိုက်​သည်​။

"သား"

"Nae"

"သားကိုappa​တောင်းဆိုစရာရှိလို့ပါ.appaမှာ သမီး​လေးတ​ယောက်​ထဲရှိတဲ့အတွက်​ သမီး​လေးကို စိတ်​မချခဲ့ဘူး.သားappaနဲ့appaတို့ ဘယ်​​လောက်​ခင်​လဲသားသိပါတယ်​.ဒါ​ကြောင့်​ ၂အိမ်​တစ်​အိမ်​ဖြစ်​ဖို့ appaတို့ကတိ​တွေပေးခဲ့ကျတယ်​.appaသမီး​လေးကို သားအ​နေနဲ့မချစ်​ဘဲယူခဲ့ရတယ်​ဆို​ပေမဲ့ ခင်​ပွန်း​ကောင်းတ​ယောက်​လို​စောင့်​​ရှောက်​​ပေးပါ သမီး​​လေးကအပြင်​ကကြည့်​​တော့စိတ်​ဓာတ်​မာသလိုနဲ့ တကယ်​​တော့စိတ်​​ပျော့တယ်​.appaသမီး​လေးကို စိတ်​ချပါရ​စေသား. "

မောင်(Zawgyi) မောင်(Unicode)(Completed)Where stories live. Discover now