"ဒုန်း ...ဝုန်း"စပါပြီ သစ်ရွက်ဝေရဲ့ မိန်ခလေးပီသမှုတွေ
ကျောင်းပိတ်ရက်လေး သူအိမ်ကို စာလာလုပ်ပါတယ် ခုလည်း လက်ဖက်သုပ်စားချင်လို့ လုပ်ခိုင်းကာမှ ဘာဖြစ်မှန်းမသိ နှုတ်ခမ်းကြီး ဆူပြီး လက်ဖက်သုပ်ပန်းကန်ကို ဆောင့်ချလေ၏ ။"သစ်ရွက်ရယ် နင်ငါကို မကျွေးချင်ရင်လည်း မစားပါဘူးဟာ နင်ကလည်း အဲ့လောက်ထိပန်းကန်တွေဆောင့်ချနေစရာမလို့ပါဘူး "
်ပြောလိုက်မှ သစ်ရွက်ဝေက ကျွန်တော်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်းရင်း
စာအုပ်ကို ဆောင်အောင့်ချလိုက်သည်။"ဈာန်ရယ် နင်ငြိမ်ငြိမ်နေစမ်းပါ ငါနင်ကိုဘယ်တုန်းက မကျွေးချင်ဘူးလို့ပြောခဲ့လို့လဲ "
သစ်ရွက်ဝေက လက်ဖက်ပန်းကန်ကိုချပြီး စကားပြောတုန်ရှိသေး ဈာန်ရဲ့ထိုင်ခုံဘေးတွင် ရောင်နီကဝင်ထိုင်ကာ လက်ဖက်ကို ဘာမှဂရုမစိုက်သလို ဟန်ပြပြစားနေသည်။
"ဟွန်း ငါဒေါသထွက်လာပြီနော် ရောင်နီ"
"သစ် နင် ရောင်နီကို ဒေါသထွက်နေတာလား ငါမသိဘဲ နင်တို့နှစ်ယောက် ဘာဖြစ်ကြပြန်ပြီလဲဟာ "
ကျွန်တော့်က စိတ်ညစ်နေဟန်နဲ့ပြောလိုက်တော့ သစ်က ငိုတော့မယ်မျက်နှာနဲ့သာ ။
"ဟင့် ဘာဖြစ်ကမှာလဲ ဈာန်ရဲ့ ရောင်နီ တကယ်အကျင့်မကောင်းဘူး တော်တော်အကျင့်ပုတ်တဲ့ကောင်"
သစ်ရွက်ဝေက ငိုမဲ့မဲ့ဖြစ်နေပေမယ့် ရောင်နီကတော့ လက်ဖက်စားရင် မျက်နှာက ပြုံးစိစိနဲ့
"ဟွန့် ဘယ်နှယ်ရှိစ သစ်ရွက်မ "
ဈာန်ကတော့ သူတို့နှစ်ယောက်အလည်မှာနေရင်း ဘာမှနားမလည်တော့သည်မို့ အသံကိုနည်းနည်းမြင့်လိုက်ကာ
"ကဲ တော်ပါတော့ဟာ နင်တို့နှစ်ယောက်ကလည်း တည့်ရင်နှစ်ယောက်မရှိဘူး ငယ်ငယ်ကတည်းကပေါင်းလာကြာတာပဲ ပြေပြေလည်လည်ပေါ့ဟာငါကိုလည်းရှင်းပြ ကဲ့ သစ်ရွက် နင်အရင်စပြော"
YOU ARE READING
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...