ရောင်နီတစ်ယောက် တစ်ကိုယ်လုံးယားယံနေသဖြင့် အိပ်ရာပေါ်တွင်လူးလဲကာ အကျီချွတ်ပြီးကုတ်နေမိသည်။ရင်ဘတ်နှင့် ပခုံးတစ်လျှောက်တွင် ကုပ်ထားသည့်ကြောင့် အနီကွတ်များကတည်ရှိလျှက်။"မေမေ မေမေရေ.....အား.....မေမေ....."
ဒေါ်မြသားတစ်ယောက် သားမိနှစ်ယောက်ညစာ စားပြီးသည့်မို့ ပန်းကန်ဆေးနေစဉ် အပေါ်ထပ်က ရောင်နီအသံကြောင့် အလျှင်အမြန်သွားကာ ရောင်နီအခန်းထဲသို့ဝင်လိုက်သည်ဆိုရင်ပဲ ရောင်နီတစ်ယောက် ကုတင်ပေါ်တွင် လူးလိမ့်နေသည်။
"မေမေ သား.....အား ယားလိုက်ထှာ......."
"သား ဘာဖြစ်တာလဲ မေမေကိုပြောအုန်းလေး....."
ဒေါ်မြသားတစ်ယောက် ကုတင်ပေါ်တွင် လူးလိမ့်ကာ ပခုံးနှင့် လည်းပင်း.ရင်ဘတ်တစ်လျှောက် ကုပ်နေသော ရောင်နီအနားမှာ ရပ်ရင်း မေးလိုက်သည်။
"မေမေ သားခန္ဓာက်ုယ်တွေ ယားနေတယ် မေမေ သား အား အရမ်း........"
ရောင်နီ လည်ပင်းတစ်လျှောက်ကို ကုပ်ကာဖြင့် ပြောလေသည်။ဒေါ်မြသားမှာလည်း သားဖြစ်သူ၏ပုံစံကိုကြည့်ပြီး ဘာလုပ်လို ဘာလုပ်ရမှန်းတောင်မသိပါ။
"သား အရမ်းကြီးမကုပ်နဲ့လေ သား မေမေပြောတာနားထောင်အုန်း...."
ဒေါ်မြသားက ရောင်နီကအသားယားပြီး အနီရောင်အကွတ်များထသည့်အထိ ကုပ်ထားသည့်ဟန်တားသည်။
"မေမေ သားအရမ်းယားတယ်......"
"ကဲ သားထပ်မကုပ်နဲ့တော့ လာ ရေချိုးလိုက်နော် သား ရေအရင်ချိုးလိုက်နော်....."
ဒေါ်မြသားက ရောင်နီကိုတွဲကာ ရေချိုခန်းထဲ့သို့ ရေချိုးရန်လွတ်လိုက်သည်။
"သား ရေချိုးနှင့် မေမေ လိမ်းဆေးသွားယူလိုက်အုန်းမယ်နော်..."
VOUS LISEZ
Pure love
Roman d'amourသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...