♡ တစ်နှစ်ခန့်ကြာသော်♡
"တီ...........⏰⏰⏰⏰⏰"
အဆက်မပြတ်မြည်နေသော နာရီကို ပုံမှန်အချိန်ဆိုလစ်လျှူရှုကာနေမိမှာ ကျိန်းသေနေသော်လည်း ဒီနေ့တော့မရ ။ ဒီနေ့က ကျွန်တော်ရဲ့အသက်၂၀ပြည့်မွေးနေ့။
ခန္ဓာကိုယ်ပေါ်တွင်ရှိသော် စောင်ကိုဖယ်ပြီး မြည်နေသော်နှိုးစက်သံကိုပိတ်လိုက်သည် ။ နာရီကိုကြည့်တော့ မနက် 6:30 ။ နဖူးပေါ်တွင်ကျနေသော အဝါရောင်ဆံပင်များကို လက်ဖြင့်တစ်ချက်သပ်တင်လိုက်သည်။ ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။
"သားရေ မြန်မြန်လုပ်ကွယ် မေမေအဆင်သင့်လုပ်ပြီးပြီ"
"ဟုတ်ကဲ့......."
အခန်းထဲမှာ မေမေရဲ့ဆော်သြော်သံကို ပြန်လည်ဖြေကြားလိုက်သည်။ ရေချိုးပြီးထွက်လာသည့်နှင့် မေမေက အဝတ်အစားကိုအဆင့်သင့်ရွေးချယ်ပေးထားသည်။
"သား ခေါင်းကရေကိုသေချာပြောင်အောင်သုတ်နော် အအေးပတ်မယ်....."
"ဟုတ်ကဲ့ မေမေ....."
"သား ပြင်ဆင်ပြီးရင် ဆင်းလာခဲ့နော် သားဖေဖေနဲ့မေမေအောက်မှာပဲစောင့်နေတော့မယ်....."
"ဟုတ်ကဲ့ မေမေ...."
ရေစိုနေသောခေါင်းကိုသေချာသုတ်ပြီး မေမေထုတ်ပေးထားသည့် ရှပ်အကျီအဖြူရောင်နှင့် ချည်လုံချည်အပြာရောင်ကိုဝတ်ဆင်လိုက်သည်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးသည်နှင့်
အောက်ထပ်ကိုဆင်းလာလိုက်သည်။" မေမေ သားပြီပြီနော်......"
" သား လာအုန်း မင်းမေမေကပြင်တာမပြီးသေဘူး...."
ရောင်နီ ဒေါ်မြသားကိုစကားပြောနေတုန်း ဦးလွင်မြင့်က ဧည့်ခန်းတွင်ထိုင်ရင်း ဝင်ပြောခြင်း။
" ဖေဖေ သားမွေးနေ့အတွက် ဘာလက်ဆောင်ပေးမှာလဲ....."
ESTÁS LEYENDO
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...