♕ ♕ ♕ ♕ ♕
အိပ်ရာကနိုးနိုးချင်း မျက်နှာချင်းဆိုင် နာရီကိုကြည့်မိတော့ 8:00 AM.ထိုနာရီဘေးတွင် တင်ထားသော ပိုက်ဆံအထပ်လိုက်။ ချက်ချင်းထထိုင်ကာ ခုံပေါ်တွင်တင်ထားသော အိတ်ကိုယူပြီး စာအုပ်သာအရင်ထည့်နေလိုက်လေသည်။ယူစရာရှိတာ ယူပြီးသည်နှင့် ခြုံထားသောစောင်ကိုဖယ်ကာ ရေချိုးခန်းထဲဝင်ကာရေချိုးလိုက်သည်။ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးသည့်နှင့် အောက်ထပ်ကိုဆင်းလာလိုက်သည်။
"သား ဈာန်......"
ကားဆီသို့သွားမယ်ရှိသေး တီလေးရဲ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ မနက်စာ စားနေသည့်တီလေးက ချက်ချင်းထကာ ကျွန်တော်နားသို့ လာပြီး နဖူးကိုစမ်းလေသည်။
"တီလေးက သားနေမကောင်ဘူး ထင်လို့ တော်ပါသေးရဲ့ "
တီလေးက ကျွန်တော်နဖူးကိုစမ်းရင်း ပြုံးကာဆိုလေတော့ ကျွန်တော်လိုက်ပြုံးမိသည်။ကျွန်တော် မာမီနှင့်စကားမပြောချင်သေးသည့်မို့ အောက်ထပ်ကိုလည်းမဆင်း၊ ကျောင်းသို့လည်းမသွားတာနှစ်ရက်ရှိလေပြီ။စာမေးပွဲနီးသည့်မို့ tutoတွေစစ်နေတာသိသော်လည်း ကျွန်တော်သွားမဖြေခဲ့ပါ။
"သား နေကောင်းပါတယ် တီလေး "
"သား မာမီ ပိုက်ဆံ5သိန်း သားအခန်းထဲမှာ ထားခဲ့တယ် မနက်က သူအရေးကြီးကိစ္စရှိလို ပြန်သွားပြီ သား "
"သား တွေ့တယ် တီလေး "
"သားမာမီက စာမေးပွဲပီးရင် ပြန်လာဖို့လည်း မှာလိုက်တယ် "
တီလေးစကားကြောင့် ကျွန်တော်စကားတစ်ခွန်းတောင် မဆိုဘဲ ခေါင်းသာငုံထားမိသည်။တီလေးက သူထက်အရပ်ပိုရှည်နေသည့် ကျွန်တော်ပခုံးကိုပုတ်ပြီး ကျွန်တော်မေးစေ့ကိုကိုင်ကာ ခေါင်းမော့စေလေသည်။
"တီလေးရဲ့တူလေးက အရပ်ရှည်လာလိုက်တာ အသက် ၂၀တောင်မပြည့်သေးဘူး ကြည့်ပါအုန်း တီလေးက သားကိုစကားပြောရတာ လည်ပင်းတောင်ညောင်းတယ် "
VOUS LISEZ
Pure love
Roman d'amourသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...