ဆုံလည်စားပွဲပေါ်တွင် အမျိုးမျိုးသောဟင်းများကတည်ရှိနေသည်။ရှင်နှောင်းအိမ်မှာထမင်းလာစားသည်ကို မာမီတို့က ဖွယ်ဖွယ်ရာရာပင်လုပ်ပေးထားခြင်းပါ။
ပုံမှန်ဆိုမာမီငှါးထားသည့် ထမင်းချက်ဒေါ်ကြီးချက်သော်လည်း ဒီနေ့တော့ မာမီကိုယ်တို်င်ဝင်ချက်ထားခြင်းပင်။ကျွန်တော်ပြန်ရောက်တည်းက အိမ်ကိုခဏခဏလာလည်နေသော ရှင်နှောင်းက မာမီထမင်းပန်းကန်ထဲကို ဟင်းအမျိုးမျိုးထည့်ပေးကာဖားနေသည်။
အိမ်ကိုလာလည်သော သူမကို မနှင်ရက်ပါ ။သူလာလို့ ရောင်နီနှင့် စကားပြောရသည်ကြောင့်ပင်။ မာမီပေးထားသည့်မုန့်ဖိုးနှင့် ဖုန်းတစ်လုံးဝယ်လို့ရသည်ကို သိသော်လည်း ရောင်နဲ့အဆက်အသွယ်ရှိရင် ဖုန်းပြန်သိမ်းမည်ကိုသိသည်ကြောင့် မဝယ်ချင်တော့ပါ။
ကျောင်းဖွင့်ခါနီးရောက်သည်တောင် ကျွန်တော်အခုထိ ရန်ကုန်ပြန်ဖို့မကြိုးစားရသေးပါ။ မာမီက အရင်လို့ အခန်းထဲတွင်မပိတ်ထားဘဲ ရှင်နှောင်းနဲ့တူတူအပြင်သွားရန်တော့ခွင့်ပြုသည်။ကျွန်တော်လည်း အရင်ကထက် မာမီနှင့်အဆင်ပြေပြေ ကျွန်တော်ကြိုးစားပြီနေခဲ့သည်။
"အန်တီ များများစားနော်....."
မာမီပန်းကန်ထဲကို ဟင်းထည့်ပေးနေသော ရှင်နှောင်း။သူမက မာမီအချစ်တော်ဆိုတာ မာမီမပြောလည်း ကျွန်တော်အသိပင်။မာမီက ကျွန်တော်နဲ့ သူမကို လက်ထက်စေချင်သည်ကို သူမရော ကျွန်တော်ရော သိသော်လည်း ကျွန်တော်တို့နှစ်ယောက်လုံးက လူကြီးတွေ၏ဆန္ဒများကို လစ်လျှူရှုခဲ့သည်။
"သမီးလည်း ထည့်စားနော် အားမနာနဲ့ "
"ဟုတ်ကဲ့ အန်တီ ...."
မာမီပြောသည့်ကို သူမနွဲနှောင်းသော ဆံပင်ယိမ်နွဲ့သွားသည်အထိ ခေါင်းညိတ်ကာ ဖြေနေသည်သူမသည် အလှဆုံးမဟုတ်သော်လည်း လှပနေသည်။
BẠN ĐANG ĐỌC
Pure love
Lãng mạnသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...