Part-28

5.1K 281 24
                                    

" ဟာ ရူး​တော့မှာပဲ........"

ခေါင်းကုတ်​ကာ ကုတင်​​ပေါ်ရှိ ဖုန်းကိုယူလိုက်​သည်​။ သူပို့ထား​သော စာကိုဖတ်​ရင်း ခုံတွင်​ပြန်​ထိုင်​လိုက်​သည်​။

စာပြန်​ရန်​ စာရိုက်​လိုက်​​သော်​လည်း send ဆို​သော ​နေရာကို အချိန်​ကြာသည့်​အထိ မနှိပ်​မိ။ ထိုင်​​နေရာမှ ထကာ အခန်းထဲတွင်​​ ​ရှေ့​နောက်​ ​ခေါက်​တုံ​ခေါက်​ပြန်​​လျှောက်​​နေမိသည်​။

" ဘယ်​လိုလုပ်​ရမလဲကွာ........"

လက်​ထဲမှာရှိ​သော ဖုန်းကို ကုတင်​​ပေါ်သို့ ပစ်​လိုက်​သည်​။ မှန်​​ရှေ့တွင်​ ရပ်​ပြီး အကျီကို ပြန်​ပြင်​​စေသည်​။ ပုံမှန်​ဆို သပ်​သပ်​ရပ်​ရပ်​ရှိ​သော ဆံပင်​သည်​ ခုနက ကုတ်​ထားသည့်​​ကြောင်​ ပုံပျက်​​နေသည်​။ နဖူး​ပေါ်တွင်​ဝဲကျ​နေသည့်​ ဆံပင်​ကို တစ်​ချက်​ပြန်​ပြင်​လိုက်​သည်​။

" မင်းသည်းခံနိုင်​တယ်​ ခဏ​လေး ခဏ​လေးပဲ ဈာန်​ ......."

မှန်​ထဲတွင်​​ပေါ်​နေ​သော ကိုယ်​ပုံရိပ်​ကို ကြည့်​ကာ လက်​ညိုးထိုးပြီ သတိ​ပေး​လိုက်​သည်​ ။ ကုတင်​​ပေါ်ရှိဖုန်းကို ပြန်​ယူလိုက်​ပြီး အခန်းထဲမှထွက်​ကာ တီ​လေးအခန်းတံခါးကို​ခေါက်​လိုက်​သည်​။

" ​ဒေါက်​ ​ဒေါက်​....​ဒေါက်​..... "

တံခါးဖွင့်​​ပေး​သော တီ​လေးကို ​ကျော်​လွန်​ကာ အခန်းထဲသို့ဝင်​လိုက်​သည်​။မှန်​တင်​ခုံတွင်​ ဖုန်းကိုတင်​ထားခဲ့သည်​။

"ဒီ​နေ့လည်း ဘာဖြစ်​ပြန်​ပြီလဲ ဈာန်​ ....."

အခန်းထဲက ပြန်​ထွက်​ရန်​ ​ခြေလှမ်းတို့လှမ်းလိုက်​​သော်​လည်း တီ​လေးက ပိတ်​ရပ်​ထားသည်​။

" သားဖုန်း ခဏ​လောက်​ သိမ်းထား​ပေးပါ တီ​လေး....."

" ပြီးရင်​ ၅မိနစ်​​တောင်​မကြာဘူး လာပြန်​ယူမှာ မှတ်​လား ........"

"ဟာ တီ​လေးကလည်း ....."

မျက်​မှန်​ကိုလက်​ညိုးဖြင့်​ တစ်​ချက်​ပြင်​ကာ တီ​လေးစကား​ကြောင့်​ ဒီတိုင်းသာ မတ်​တပ်​ရပ်​မိသည်​။
ဒါ​ပေမယ့်​လည်း မတက်​နိုင်​ ။ လက်​ထဲမှာဖုန်းရှိ​နေသ​ရွှေ့
ရောင်​နီဆီဖုန်း​ခေါ်မိမှာ အ​သေအချာ ။

Pure love Where stories live. Discover now