Part-21

6.2K 391 8
                                    

သင်္ကြန်​အချိန်​အခါ​ရောက်​ပြီမို့ ပိ​တောက်​ပင်​တွင်​ ဖူးပွင့်​​နေ​သော ပိ​တောက်​ပန်းအလှများက​တောက်​ပလျှက်​။ရံနံများကလည်း ထူးသင်းပျံလွှင့်​လျှက်​။က​လေးများကလည်း ဖြတ်​သွားဖြတ်​လာ​နေ​သောသူများကို သင်္ကြန်​​ရေဖြင့်​ပက်​ဖျန်း​ပေး​လေသည်​။အုန်းလက်​များဖြင့်​ ​နေရာပြုလုပ်​ကာ ​ရှေ့တွင်​ ​ရေပက်​​နေသည့်​သူများက ​ရေပက်​​နေကြပြီး မိန်းမပျိုများက​တော့ မုန့်​လုံး​ရေ​ပေါ်များပြုလုပ်​​နေကြ​လေသည်​။ငရုတ်​သီးစိမ်း​တောင့်​များကို အနည်းငယ်​လှီးဖြတ်​ထားကာ အချိုအလုံးများတွင်​ထည့်​ထားကြ​လေသည်​။

"​ဒေါ်​လေး ငရုတ်​သီး​တောင့်​ သမီးကိုနည်းနည်း​လောက်​​ပေးပါလား "

သစ်​ရွက်​​ဝေက မုန်​လုံး​ရေ​ပေါ်ပြုတ်​ထားသည့်​ အိုး​ဘေးတွင်​ မုန့်​အ​ခြေအ​နေကိုကြည့်​​နေသည့်​ ​ဒေါ်ဘူးညွန့်​ကို ​မေးလိုက်​​လေသည်​။

"သမီး ဟိုဘက်​ဝိုင်းမှာ သွားကြည့်​လိုက်​​နော်​ "

"ဟုတ်​ "

ဒေါ်ဘူးညွန့်​က ဟိုဘက်​ဝိုင်းကို​မေး​ငေါ့ပြရင်း ​ပြော​လေသည်​။ ရွာကမိန်းခ​လေးများက ခုံအဝိုင်းနှစ်​ခုပတ်​ပတ်​လည်​တွင်​ ထိုင်​ကာ မုန့်​လုံး​ရေ​ပေါ်လုံး​နေကြပြီ ​ယောကျာ်​​လေးများက ထင်းများကိုသယ်​​ပေးကြ​လေသည်​။ ​လော်​များနှင့်​ သင်္ကြန်​သီချင်းများကို တစ်​ရွာလုံးကြား​အောင်​ဖွင့်​ထား​လေသည်​။

ထိုမိန်းခ​လေးထဲတွင်​ သစ်​ရွက်​​ဝေတစ်​​ယောက်​ ​မုန့်​လုံး​ရေ​ပေါ်ထဲတွင်​ ထန်းလျက်​ထည့်​ရမည်​အစား ငရုတ်​သီးစိမ်း​တောင့်​များကိုထည့်​ပြီးလုံးလိုက်​သည်​။ ငရုတ်​သီး​တောင့်​ထည့်​ထားသည့်​ မုန့်​လုံး​ရေ​ပေါ်များကို ပန်းကန်​ဖြင့်​သပ်​သပ်​စီထည့်​ထားလိုက်​​လေသည်​။

"​ဒေါ်​လေး ဒီမှာ​ရေရပြီ ....."

"သားရယ်​ လင်းသစ်​ကိုခိုင်းလည်းရတာကို ငါ့သားကိုယ်​တိုင်​ မသယ်​ပါနဲ့ကွယ်​"

ဒေါ်ဘူးညွန့်​က ​ရေဝိုင်းသယ်​​ပေး​နေသည့်​ ဈာန်​ကို တား​လေသည်​။

Pure love Where stories live. Discover now