Part-32

6.6K 331 39
                                    


" သား ပစ္စည်း​တွေ အကုန်​စစ်​ပြီးပြီလား....."

" ဟုတ်​ကဲ့ မာမီ......"

လွန်​ခဲ့တဲ့နှစ်​ရက်​​လောက်​က တီ​လေးကိုနှုတ်​ဆက်​ကာ
မာမီနှင့်​အိမ်​ကိုပြန်​လာခဲ့သည်​ ။ ယ​နေ့ ​လေယာဉ်​ဖြင့်​ ပညာ​တော်​သင်​သွားဖို့ ဆုံးဖြတ်​ခဲ့သည်​ ။ ရှင်​​နှောင်းကို ​စောင့်​​နေသည်​မှာ အနည်းငယ်​​တော့ကြာ​နေပြီ ဖြစ်​သည်​ ။ သူမကခုထိမ​ရောက်​လာ​သေးပါ ။

📱📱📱📱📱📱

ဘောင်းဘီအိတ်​ထဲတွင်​ တုန်​ခါ​နေ​သော ဖုန်း​ကြောင့်​ ​ခေါ်ဆိုသူနာမည်​ကို ကြည့်​လိုက်​သည်​ ။

" နင်​မလာ​သေးဘူးလား ရှင်​​နှောင်း ....."

" ငါပညာ​တော်​သင်​မသွား​တော့ဘူး ထည်​​လေး အခု ငါချစ်​သူ​နောက်​ကိုလိုက်​ဖို့ ဆုံးဖြတ်​လိုက်​ပြီ.... "

ဖုန်းထဲမှ ကြားရ​သော သူမအသံတွင်​ ယုံကြည်​မှု​တွေ ပါဝင်​​နေသည်​ ။ ​နောင်​တရခြင်း​တွေ မပါဝင်​​သော သူမအသံ​ကြောင့်​ တကယ်​အံသြမိသည်​ ။

" နင်​မိဘ​တွေကို​ရော......."

" ခုချိန်​ ​မေ​မေတို့ ငါကိုစိတ်​တိုလိုက်​မယ်​ အချိန်​တန်​ရင်​ သူငါကိုဘယ်​​လောက်​ချစ်​တယ်​ဆိုတာ ​မေ​မေတို့ သ​ဘော​ပေါက်​ပြီး ခွင့်​လွှတ်​လိုက်​မယ်​......"

" ​အေးပါ နင်​ မင်္ဂလာ​ဆောင်​ရင်​ ငါပြန်​လာမှာ ​ဆောင်​ရမယ်​​နော်​ အရူးမ ........"

ဖုန်းသံထဲတွင်​ ရယ်​သံ​လေး​ကြောင့်​ ကျွန်​​တော်​လိုက်​ပြုံးမိသည်​ ။ ဖြူစင်​ခြင်း​တွေ စီးဝင်​​နေ​သော ကျွန်​​တော်​တို့ ဆက်​ဆံ​ရေးက ​သေသည်​ထိတိုင်​ ဒီအတိုင်းရှိ​နေမှာ ဧကန်​မုချပင်​ ။

" မရဘူး​နော်​ ငါက မကြာခင်​ မင်္ဂလာ​ဆောင်​​တော့မှာ ဘယ်​နဲ့နှစ်​ကြာမှန်း မသိတဲ့ နင်​ကို လုံးဝမ​စောင့်​နိုင်​ဘူး ...... ဒါပဲ့ အရူး​ကောင်​....."

ဖုန်းချလိုက်​သည်​နှင့်​ မာမီက ​ဘေးတွင်​လာထိုင်​သည်​ ။
ကျွန်​​တော်​လက်​တစ်​ဖက်​ကို ဆုပ်​ကိုင်​ရင်း မာမီက တိတ်​ဆိတ်​​နေသည်​ ။

Pure love Tempat cerita menjadi hidup. Temukan sekarang