အဆောက်အဦးထဲသို့ ဝင်လိုက်သည့်နှင့် ဆေးနံများက နှာခေါင်းတွင်းသို့ ဝင်ရောက်လာသည် ။ ငယ်ငယ်လေးတည်းက ဆေးရုံဆေးခန်းနှင့် အလွန်ဝေးသည် ကျွန်တော်က အခု ဆေးနံများပြည့်နေသော ဆေးရုံသို့ရောက်နေလေသည် ။ ရှုပ်ယှက်ခတ်နေသော လူများကိုကြည့်ရင်း ပထမဆုံး မှင်သက်နေမိသည် ။
" ဈာန် မြန်မြန်လာလေကွာ ......"
လက်ပြကာ ခေါ်နေသော ကျော်စွာကို ခေါင်းသာညိတ်ပြလိုက်သည် ။ ဆေးရုံတစ်လျှောက် လူနာများကိုကြည့်ရင်း ရင်ထဲတွင်ခံစားချက်တစ်ခုခံစားမိသည် ။
အလုပ်ရှုပ်နေသော သူနာပြုကို မေးနေသော ကျော်စွာတို့အနားတွင် ရပ်နေလိုက်သည် ။ အခုထိရောင်နီ၏အရိပ်အရောင်တောင်မမြင်ရပါ ။
" အဲ့လူနာက အခုထိခွဲစိတ်ခန်းထဲဝင်နေတုန်းပါ...."
သူနာပြုမလေး၏ စကားသည့် လူကိုသွေးခြောက်ခြားစေသည် ။ စကားကိုတောင်ပြီးအောင် နားမထောင်ဘဲ ခွဲစိတ်ခန်းရှေ့ကိုသာ အပြေးလာခဲ့သည် ။
" ဈာန်....ဈာန်.....ဟေ့ရောင်....."
အနောက်ဘက်က ကျော်စွာတို့ခေါ်သည်ကိုကြားသော်လည်း လျှောက်လှမ်းနေသည့် ခြေလှမ်းတို့ကိုမရပ်တန့်ခဲ့မိပါ ။ နဖူးပေါ်တွင်ရှိသည့် ချွေးကိုပင် ယခုချိန်မှာသုပ်ဖို့ မလုပ်နိုင်သေး ။
အဝေးကနေလှမ်းမြင်ပြီဖြစ်နေသော ခွဲစိတ်ခန်းအနီးကိုသွားဖို့ ခြေလှမ်းတို့ကို မနည်းအားထည့်ကာလှမ်းနေရသည် ။ ခွဲစိတ်ခန်းရှေ့တွင် မတ်တပ်ရပ်ကာ ငိုနေသော သစ်ရွက်ဝေနှင့် ရောင်နီမေမေတို့ကိုလည်းလှမ်းမြင်နေရသည် ။
" သစ်........."
မနည်းအားယူကာ ထွက်သွားသောအသံသည် အကုန်လုံးကြားရန်လုံလောက်ပါသည် ။ အခန်းရှေ့တွင်ရပ်နေသော သစ်ရွက်ဝေတို့မိသားစုနှင့် ရောင်နီမိဘများ၏အကြည့်တို့က မိမိဆီမှာသာ တည်ရှိလျှက် ။
ESTÁS LEYENDO
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...