ညဘက်အချိန်မို့ လူကြီးများက အိပ်နှင့်နေကြသော်လည်း သစ်တို့အုပ်စုမှာအခုထိအစားအသောက်မပျက်။"သက်သာလား ရောင်နီ"
ဈာန်က သူဘေးတွင်မုန့်စားနေသော ရောင်နီ၏နဖူးပေါ်ကဆံပင်တွေကိုသပ်ပေးရင်း မေးလိုက်လေသည်။
"အင်း အဆင်ပြေပါတယ် "
"ခေါင်းကရောကိုက်သေးလား ပြကြည့်ပါအုန်း "
ဈာန်က ရောင်နီကိုသူနှင့်မျက်နှာချင်းဆိုင်စေလိုက်ပြီ ဆေးထည့်ပြီး ပက်တီးပတ်ထားသည့်နေရာကို သေချာကြည့်လေသည်။
"ခေါင်းမကိုက်တော့ပါဘူး သူနာပြုဆရာမလေးက သေချာလုပ်ပေးလိုက်တာကို "
ရောင်နီ ရေစီးနှင့်မျော့ပါးရင်း နဖူးတွင်ဒဏ်ရာရခဲ့သည့်အပြင် ခြေထောက်မှာရောဆိုသည့်ကြောင့် လင်းသစ်တို့ ရွာကဆေးခန်းတွင်သွားပြကြလေသည်။ ဆရာမက စိုးရိမ်းစရာမရှိဘူးပြောသည်လည်း ဈာန်က ဆရာမကိုခဏခဏရောင်နီအခြေအနေမေးသည့်ကြောင့် ဆရာမကပင် ဘာတော်တာလဲမေးသည့်အထိပင်။ပြန်လာသည့်တစ်လျှောက်လုံးတွင်လည်း သက်သာလားဟုပင် ခဏခဏမေးသည့်ကြောင့် သစ်ရွက်ဝေရဲ့ ဆူငေါက်ခြင်းခံရသည်မှာလည်း တစ်ကြိမ်မကတော့။ခုလည်း သက်သာနေပါပြီဆိုမှ အခုထိစိုးရိမ်လွန်နေသော ဈာန်ကို ရောင်နီပြုံးမိလေသည်။
"ဟဲ့ ဈာန် နည်းနည်းပါးပါး နင်တို့ဘေးမှာ ငါ့တို့ရှိတာလည်း သတိထားအုန်း"
သစ်ရွက်ဝေက လင်းသစ်ကိုမုန့်ကျွေးရင် ပြောလိုက်လေသည်။ညဘက်အချိန်မို့ သစ်ရွက်ဝေ၏အသံမှာ ကျယ်လောင်နေသယောင်။သစ်စကားကြောင့် ဈာန်က သူမဟုတ်သည့်အတိုင်း ပန်းကန်ထဲမှာမုန့်ချပ်ကိုယူပြီး စားလိုက်လေသည်။ ရောင်နီကတော့ ပြုံးရုံသာ ပြုံးနေလိုက်လေသည်။
"နေပါအုန်း နင်တို့ရော ဘာထူးလဲ "
"ငါတို့ဘာထူးခြားနေလို့လဲ "
YOU ARE READING
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...