မီးဖိုခန်းထဲတွင် အသီးအရွက်ခြွေသူကခြွေနေပြီး အသားများကိုလှီးသူကလှီးနေကြလေသည်။ မီးဖိုခန်းထဲတွင် လူကြီးသုံးယောက်ဘယ်လောက်ပင်အလုပ်ရှုပ်နေသော်လည်း ခုထိအိပ်ရာမထသေးသူမှာ ဈာန်ဝင်ထည့်။"ဂွတ်တော် အသားတွေကိုသေချာလှီးနော် သားက ညတည်းကသေချာမှာထားတာ သူ့သူငယ်ချင်းတွေအတွက်အကောင်းဆုံးလုပ်ပေးပါတဲ့ "
ဒေါ်သန္တာက သားငါးလှီးနေသော ဂွတ်ထော်အားသေချာမှာနေလေသည်။
"ဟုတ်ကဲ့ မမ"
ဒေါ်သန္တာက ဂွတ်ထော်ကိုမှာပြီးသည်နှင့် ခြွေလက်စ အရွက်များကို ခြွေနေလေသည်။
:-* :-* :-* :-*
ကျော်စွာတစ်ယောက် ဈာန်အိမ်ဝင်လာကတည်းက အရင်ဆို ခြံထဲတွင်အလုပ် လုပ်နေသောမောင်ပုကိုကြည့်သော်လည်းမတွေ့။ ဧည့်ခန်းထဲဝင်သည်နှင့်ဘယ်သူမှာမတွေ့သည့်ကြောင့် ပိုထူးဆန်နေလေသည်။"အန်တီသန္တာ အန်တီသန္တာ "
"သားကျော်စွာရေ အန်တီတို့ နောက်ဖေးမှာဟေ့"
့
ဒေါ်သန္တာတစ်ယောက် ဟင်းသီးဟင်းရွက်ခြွေနေတုန်း
ကျော်စွာ ခေါ်သံကြောင့် ပြန်သာထူးလိုက်လေသည်။
ကျော်စွာတစ်ယောက် မီးဖိုခန်းထဲဝင်လိုက်သည့်နှင့် အလုပ်ရှုပ်နေသောလူကြီးသုံးယောက်လုံးကိုနှုတ်ဆက်လိုက်ပြီး အရွက်ခြွေနေသော ဒေါ်သန္တာဘေးကခုံတွင်ဝင်ထိုင်ရင်း အရွက်ခြွေနေပေးလေသည်။"အန်တီ ဘာတွေအဲ့လောက်အလုပ်ရှုပ်နေကြတာလဲ "
"သားကို ဈာန်မပြောထားဘူးထင်တယ် သားရေ ခဏလေး "
ဒေါ်သန္တာက ခုံမှာခဏထသွားပြီ ဟင်းချိုအိုးကိုဂရုစိုက်နေသည့် မောင်ပုနားသို့သွားကာ ဟင်းရည်အရသာခံနေလေသည်။
"မောင်ပု ဆားနည်းနည်းလောက်ထည့်လိုက်အုန်း ဟုတ်ပြီလား "
KAMU SEDANG MEMBACA
Pure love
Romansaသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...