✌ ✌ ✌
ထုပ်ပိုးထားသော ချောကလတ်ဗူးများက တစ်ခုနှငိ့တစ်ခုမတူညီစွာလှပနေကြသည်။အကောင်းတွေထဲမှာ အကောင်းဆုံးကိုလိုချင်သည့်မို့ ဈာန်တစ်ယောက်ရွေးရခက်နေလေသည်။ မတက်နိုင်တဲ့အဆုံးဘေးနားတွင်ရှိသော ကျော်စွာကိုအကူအညီတောင်းရလေသည်။ "ကျော်စွာ ငါကိုဝိုင်းရွေးပေးအုန်လေကွာ"
ဈာန်ခေါ်တော့ မုန့်ဝယ်ရန်ကြည့်နေသော ကျော်စွာက ဈာန်နားသို့လာကာ ချောကလတ်ဘူးများကိုကြည့်ပေးရင်း
"အန် နေပါအုန်း ဈာန် မင်းကဘာလုပ်မလို့လဲ ချောကလတ်ဗူးတွေဝယ်ပြီး "
"ဒီနေ့ ဘာနေ့လဲသိလား ကျော်စွာ "
"ဗုဒ္ဓဟူးနေ့လေ "
ကျော်စွာအဖြေကြောင့် ဈာန်ခေါင်းခါကာ စုတ်တစ်ချက်သတ်လ်ုက်လေသည်။
"ကျော်စွာ မင်းကလေ ရည်းစားမရတာလဲမပြောနှင့် မှတ်ထားဟေရောင့် ဒီနေ့ ဖေဖော်ဝါရီ 14ရက် ချစ်သူများနေ့ကွ"
"ဟာ "
ဈာန်စကားကြောင့် ကျော်စွာက သူနဖူးသူပြန်ရိုက်နေလေသည်။ပြီးလျှင် ချောကလတ်ဗူးများထဲကမှာ တစ်ဗူးကိုရွေးကာ ပြောလေတော့ ရောင်းသူကောင်မလေးက လှသထက်ပိုမိုလှပအောင် ထုပ်ပိုးပေးနေလေသည်။
"ဟုတ်သားပဲကွာ ငါမေ့နေတာ ဒါနဲ့ မင်းကချောကလတ်ကိုဘယ်သူပေးမို့လဲ "
"ဘယ်သူပေးရမှာလဲ ငါ့ရဲ့ရောင်န်ီအတွက်ကွ"
"မင်းကဘယ်လို့ပေးမှာလဲ မင်းက ရောင်နီကိုချစ်တယ်မပြောရသေးဘူးလေ "
"ဒီနေ့ ချောကလတ်ပေးရင်း ငါဖွင့်ပြောလိုက်တော့မယ်"
"တကယ်ကြီးo_O o_O o_O. "
ဈာန်ဖွင့်ပြောမည်ကိုသိသော်လည်း ဒီလောက်မြန်ဆန်မည်မထင်ခဲ့။ ကျော်စွာတစ်ယောက်အံသြသည့်နေသော်လည်း ဈာန်ကတော့ ပုံမှန်တိုင်းသာ။
YOU ARE READING
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...