ခြံထဲတွင် အပင်တွေကြားအလုပ်များနေသော လူသုံးယောက်။ ထိုသုံးယောက်သည် ကိုယ်စီအလုပ်လုပ်နေကြကာ အကျီပေါ်တွင် သစ်ရွက်ခြောက်များ ဖုန်များက တည်ရှိလျှက်။"ဒီပန်းအိုးကဘယ်နေရာကိုရွေ့မှာလဲ မေမေ "
သစ်ရွက်ဝေက သစ်ရွက်ဝါတွေကိုခြွေနေသော ဒေါ်သစ္စာကို မေးလိုက်လေသည်။
"ခြံထောင်က နေရာလေးကိုရွေ့ထားလိုက်သမီး ပြီးတော့ ခြံတံခါးပါ တစ်ခါတည်း ပိတ်ခဲ့နော် မေမေ မေ့နေလို့ "
"မေမေ သမီးတို့ အိမ်ထဲဝင်ခါနီးမှ ပိတ်လိုက်တော့မယ်လေ "
သစ်ရွက်ဝေပြောသည်ကို ဒေါ်သစ္စာက ခေါင်းသာငြိမ့်ပြပြီး သစ်ရွက်ဝါများကိုဆက်ပြီးခြွေနေပါတော့သည်။
"အန်တီရေ မေမေက သစ်ခွမျိုးတွေနည်းနည်းလောက်ပေးပါအုန်းတဲ့၊ ခြံထဲမှာစိုက်ချင်လို့တဲ့ "
ရောင်နီက ပန်အိုးလေးများကိုစီရင်း ဒေါ်သစ္စာကိုပြောလိုက်လေသည်။
"အေး အန်တီထည့်ပေးလိုက်မယ်နော် ရောင်နီ သား ညနေစောင်းမှာပြန်နော် အိမ်မှာ ထမင်းစားသွားအုန်း"
"ဟုတ်ကဲ့အန်တီ သားကလည်း စားပြီမှပြန်မှာ ဟီးဟီးဟီး "
ရောင်နီက ဒေါ်သစ္စာကိုပြန်ပြောလိုက်သည်နှင့် ဘယ်အချိန်က ရောင်နီနားရောက်မှန်းမသိသည့် သစ်ရွက်ဝေက "အငတ်"လို့ပြောသည်ကို ရောင်နီကတော့ရယ်နေပေမယ့် ဒေါ်သစ္စာက သစ်ရွက်ဝေကိုမကြည်သည့်အကြည့်ဖြင့် ကြည့်ကာ
"သမီး အဲ့လိုမပြောရဘူးလေ တော်ကြာရောင်နီ ထမင်းမစားသွားဘဲနေအုန်းမယ်"
"မေမေကလည်းအဖြစ်ကိုသည်းလွန်းတယ် ရောင်နီလား မစားမှာ မပူနဲ့မေမေရေ သမီးတို့အိမ်က စည်းစိမ်ပြုတ်မှာ သူက မစားမှာ"
YOU ARE READING
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...