Part-33(final)

12.7K 411 19
                                    


" ဟူး အဆင်​​ပြေမှာပါ​နော်​ ......."

" ​ပြေမှာပါ ​ရောင်​နီရယ်​ စိတ်​မပူပါနဲ့ ........"

လက်​နှစ်​ဖက်​ကို တင်းကျပ်​စွာ ဆုပ်​ကိုင်​ရင်း မှန်​​ပေါ်တွင်​ ​ပေါ်​နေ​သော မိမိပုံကိုကြည့်​မိသည်​ ။ အဖြူ​ရောင်​သတိုးသားဝတ်​စုံက မိမိအသားနဲ့တစ်​ထပ်​တည်းကျ​နေသည်​ ။ ရင်​ဘတ်​တွင်​ ချိတ်​ထား​သော ပန်းက လှပစွာ တည်​ရှိ​နေသည်​ ။

" ဝါး ဦးလင်းက အရမ်း​ချောတာပဲ...."

ဘေးနားတွင်​ ဘယ်​အချိန်​ထဲက ​ရောက်​​နေမှန်းမသိသည့်​ ဒီးဒီး​ကြောင့်​ ပြုံးလိုက်​မိသည်​ ။ ပါးစပ်​ကို လက်​က​လေးအုပ်​ကာဖြင့်​ မျက်​လုံးအစုံတို့က အံသြရိပ်​တို့ထင်​ဟပ်​​နေသည်​မှာ အ​သေအချာ ။

" ခုမှသိတာလား ဒီးဒီး......."

" ဟီး ဟီး ..... အင်း........"

" ဝုတ်​ ........"

ဘေးနားတွင်​ ​ရော်​ကီက ​ထောက်​ခံ​နေသ​ယောင်​ ​ဟောင်​ပြလိုက်​သည်​ ။

" ​နောက်​ ၅ မိနစ်​ဆို စ​တော့မယ်​​နော်​ ခုထိ ဈာန်​ကိုမ​တွေ့​သေးဘူး......"

" အပြင်​ကို ခဏထွက်​သွားတယ်​ ချက်​ချင်းပြန်​လာမယ်​ ​ပြောတာပဲ ......"

" ဪ ........"

ခန်းမအလယ်​တွင်​ ကြွ​ရောက်​ချီးမြှင့်​ကြသည့်​ လူကြီးမင်းအ​ပေါင်းတို့က ​သေသပ်​လှ​သော ထိုင်​ခုံ၌ ထိုင်​​နေကြသည်​ ။ ​ကျင်းပရမည်​အချိန်​ထက်​ ​နောက်​ကျ​နေ​သော​ကြောင့်​ လူအများ၏မျက်​ဝန်းတို့က ​မေးခွန်း​တွေ တန်းစီ​နေသည်​ ။

" ​ကျော်​စွာ သားကို ဖုန်းဆက်​လိုက်​ပါအုန်း...."

ဒေါ်ဧကရီတစ်​​ယောက်​ ခင်​မင်​ရင်​နှီးသူများကို ပြုံးပြရင်း ​ကျော်​စွာကို ဖုန်း​ခေါ်ရန်​​ပြောလိုက်​သည်​ ။

" မကိုင်​ဘူး အန်​တီ ......."

" သူသွားတက်​တဲ့​နေရာကို လိုက်​ရှာ​ပေးပါလား ​ကျော်​စွာ အန်​တီ ဒီမှာ ကည့်​လုပ်​ထားလိုက်​မယ်​......"

" ဟုတ်​ကဲ့ အန်​တီ ......."

" အကို ခုထိ ဟိုက​လေးမလာ​သေးဘူး......"

Pure love Where stories live. Discover now