ဆယ့်ရှစ်နှစ်...
အခုဆို ကျွန်တော် ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတာ ရှစ်နှစ်ကြာခဲ့ပြီ။
ကျွန်တော့်ရဲ့ အတွေးများ ရပ်တန့်သွားပြီး အသိစိတ်က ပြန်လည်ဝင်ရောက်လာခဲ့တယ်။
သေချာတာတစ်ခုကတော့...
သူမဟာ...အရမ်းချောတဲ့ မိန်းကလေးပါလား...
"Hi...Nice to meet you...
I'm new here...My name is Windy...Yours?"
"Jackson"
ဆက်ဆံရေး ကျဲပါးလှတဲ့ ကျွန်တော် စကားကို ကျွန်တော့်ဘက်က ဆက်မပြောနိုင်ခဲ့။
"Let's be good friends"
သူမလက်ကို ကမ်းပေးလိုက်၏။
စိတ်ထဲမှာ လောကကြီးကို နာကြည်းနေတဲ့ ကျွန်တော်...ပေါင်းသင်းဆက်ဆံရေးမှာ ညံ့ဖျင်းလှတဲ့ ကျွန်တော်...ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကို သူမထံ အချိန်မီ ကမ်းမပေးနိုင်ခဲ့ဘူး။
သူမရဲ့ မျက်နှာက တောက်ပတဲ့ အပြုံးတွေ အသက်မဲ့သွားခဲ့ပြီ။
စိတ်ထဲ မရှိတဲ့ အပြုံးအသွင်သို့ပြောင်းလဲသွားပြီ။
သူမရဲ့လက်ကို တဖြည်းဖြည်း တွန့်ဆုတ် တွန့်ဆုတ်ဖြင့် စာအုပ်ပေါ်သို့ တင်လိုက်၏။
ကျောင်းခေါင်းလောင်းထိုးသံ...
ကလင်...ကလင်...ကလင်
ဆရာ ဝင်လာ၏။
ကျောင်းသူ အသစ်ဖြစ်သူ သူမကို ဆရာက မိတ်ဆက်ပေးခဲ့သည်။
အလို...သူမက အရင်ကျောင်းမှာ တစ်ကျောင်းလုံး ပထမဆုကို နှစ်စဉ်ဆွတ်ခူးခဲ့သူ...
ကျွန်တော်ကတော့ လောကကြီးရဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားဘဲ အများတကာနောက်မှာ နောက်ကောက်ကျနေသူတစ်ဦး။
သူမရဲ့ ချိုမြိန်တဲ့ စကားသံတွေနဲ့ နှုတ်ခွန်းဆက်လိုက်တဲ့အချိန်မှာ တစ်တန်းလုံးရဲ့ အာရုံစိုက်မှု...အားကျသောအကြည့်တို့ကို သူမပိုင်ဆိုင်ခဲ့ရတယ်။
YOU ARE READING
Memories (completed)
Romanceလောကကြီးရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကံကြမ္မာရဲ့ ကြိုးဆွဲရာကိုကရင်းက မှောင်မိုက်တဲ့နေရာတွေနဲ့အတူ အလင်းတန်းတွေနက်ပြည့်နှက်နေတဲ့ နေရာကိုလည်း ဖြတ်သန်းခဲ့ရတယ်.........သူကတော့ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ jackson ပထမဆုံးရေးတာဖြစ်တဲ့အတွ...
