အဟွတ်...အဟွတ်...
Wheelchair ရဲ့ ဘီးများက နှင်းများကြားမှာ ချော်သွားခဲ့တယ်။
ကျွန်တော် နှင်းကို မကြိုက်တာ ဒါတွေကြောင့်ပေါ့။
ဒါပေမဲ့ ဒီနေ့ ကျွန်တော် ဘာဖြစ်နေလည်းမသိ...
နှင်းကို အပြစ်မတင်မိခဲ့...
ကျွန်တော်က မွေးရာပါကျန်းမာရေး ချို့တဲ့မှုလေးရှိတယ်။ အင်း...ဘယ်လိုပြောရမလဲ...ခဏခဏ နေမကောင်းဖြစ်တတ်တယ်ပေါ့။
"အဟွတ်...အဟွတ်...ဟွတ်...ဟွတ်...ဟွတ်"
နှင်းကော်ဇောပေါ်မှာ လဲလှောင်းလျက်သား ဖြစ်နေတဲ့ ကျွန်တော်...ချမ်းတယ်...
"Are you ok?"
ကျွန်တော့်ရဲ့ ချောင်းသံများက မရပ်တန့်နိုင်သေး။
"Jackson! Jackson! Somebody, please help!"
ကျွန်တော် wheelchair ပေါ်သို့ လမ်းသွားလမ်းလာတွေရဲ့ အကူအညီနဲ့အတူ ပြန်တက်လာခဲ့ရတယ်...
"Let me push your wheelchair."
"Thanks." *ချောင်းဆိုးသံ* *ချောင်းဆိုးသံ* *ပြင်းထန်သော ချောင်းဆိုးသံ"
"Are you ok?"
"Yeah"
အမှန်တော့ no ပါ။ ခေါင်းတွေမူးတယ်။ ကိုယ်တွေလည်း ပူနေပြီ။ နေမင်းကြီးကို ပိုက်ပြီး ချာချာလည်အောင်လှည့်နေရသလိုပဲ။ 🤕😷🤒
အိမ်ခန်းထဲတွင်...
ကျွန်တော် နေမကောင်းဖြစ်တော့ ဖေဖေနဲ့ မေမေ့ကို ပိုသတိရမိတယ်။
အရင်က ကျွန်တော် နည်းနည်းလေး နေမကောင်းဖြစ်ရင်တောင် သည်းသည်းလှုပ် စိတ်ပူပေးကြတာ။
မေမေဆို အနားနားနေပြီး ဂရုစိုက်ပေးမှာ။
ဖေဖေဆိုလည်း ဆေးကို အပြေးကလေးသွား ဝယ်ပေးမှာ။
အခုတော့ ကျွန်တော်တစ်ယောက်တည်း အခန်းထဲမှာ အထီးကျန်စွာ ခြစ်ခြစ်တောက် ပူနေသော အပူချိန်ကို ခုခံနေရတယ်...
ကျွန်တော် မူးဝေခြင်းပင်လယ်ထက်မှာ ဖျော့ခွေနေရတယ်။
ချမ်းအေးလှတဲ့ ဆောင်းတွင်းမှာတောင် နဖူးထက်က ချွေးတွေ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာတယ်။
ŞİMDİ OKUDUĞUN
Memories (completed)
Romantizmလောကကြီးရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကံကြမ္မာရဲ့ ကြိုးဆွဲရာကိုကရင်းက မှောင်မိုက်တဲ့နေရာတွေနဲ့အတူ အလင်းတန်းတွေနက်ပြည့်နှက်နေတဲ့ နေရာကိုလည်း ဖြတ်သန်းခဲ့ရတယ်.........သူကတော့ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ jackson ပထမဆုံးရေးတာဖြစ်တဲ့အတွ...
