ကျွန်တော်တေွးပူနေမိသည်။
သို့သော်လည်း သူမ ဆေးဆိုင်မှ ပြန်အလာကို မစောင့်နိုင်ပဲ အိပ်ပျော်သွား၏။
အိပ်မက်ထဲတွင်...
ဖေဖေနဲ့ မေမေတို့က ကျွန်တော်ကို ထွေးဖက်ထားလျက်...
"သား...အချစ်စစ်နဲ့ တွေ့နေပြီမှတ်လား။"
"ဟီးဟီး"
"အဲ့ကလေးမလေးကို မေမေတို့အစား ပိုပိုပျိုချစ်ပေးရမယ်နော်။"
"မပြောလည်းချစ်မှာပါပဲ။😁
ဒါနဲ့ သက်တံ့ရော?
ကျွန်တော် အချစ်စစ်နဲ့တွေ့တာသူ့ ကို ပြောပြရဦးမယ်။
ဒါ...ဒါပေမဲ့ သူစိတ်ထိခိုက်သွားမှာလည်းစိုးတယ်။"
"ငယ်ငယ်တည်းက သားကို ကြိုက်လာတာဆိုတော့လည်း...ပြောပြလိုက်တာကောင်းပါတယ်။ ဒါမှသူလည်းသားကို စွန့်လွှတ်ပြီး အခြားတစ်ယောက်ကို ပြောင်းကြိုက်နိုင်မှာပေါ့။"
"အင်း။ သက်တံ့ကော..."
"ဖေဖေနဲ့ မေမေတို့က ဒီကို အတူတူရောက်လာပေမဲ့ သက်တံ့ကမလာသေးဘူး။ သူတစ်နေရာမှာ လုပ်စရာလေးရှိသေးလို့ နောက်မှ လိုက်လာမယ်တဲ့...နောက်တစ်ခါလာမှပဲ ပြောလိုက်တော့လေ။"
"ဟုတ်တယ်...အချိန်လည်းမစောတော့ဘူး...သားပြန်တော့နော်။"
ကျွန်တော် ဖေဖေနဲ့ မေမေတို့ရှိရာနဲ့ ဝေးသထက်ဝေးလာတယ်။ အဝေးကလက်လှမ်းပြနေသော ပုံရိပ်များပျောက်ကွယ်သွားသည့်တိုင် ဝေးကွာလာခဲ့တယ်။
နိုးလာတော့ ကျွန်တော် အဖျားရှိတယ်လို့ကို မခံစားရဘူးဗျ။ မနေ့က အဖျားက အကင်းလေးဖြစ်ရမယ်။
ဒါနဲ့....Windy ရော?
မွှေးပျံ့လှသော ဆန်ပြုတ်နံ့လေးက ကျွန်တော့် နှာဖျားထိပ်မှာ ဝဲပျံနေတယ်။ အနံ့ရှိရာနောက်သို့ လိုက်သွားလိုက်တော့ မီးဖိုခန်း...
ထို အခန်းထဲမှာတွေ့လိုက်ရသူကတော့ Windy...
ဟင်းတွေဘာတွေကိုတောင် မွှေးနေအောင် ချက်လို့ပါလား။ မနေ့ညက စားထားတာတွေက အစာချေလို့ပြီးပြီဆိုတော့ ဗိုက်ထဲက သံစုံတီးဝိုင်းက စပြီးတီးခတ်နေပြီလေ။
VOUS LISEZ
Memories (completed)
Roman d'amourလောကကြီးရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကံကြမ္မာရဲ့ ကြိုးဆွဲရာကိုကရင်းက မှောင်မိုက်တဲ့နေရာတွေနဲ့အတူ အလင်းတန်းတွေနက်ပြည့်နှက်နေတဲ့ နေရာကိုလည်း ဖြတ်သန်းခဲ့ရတယ်.........သူကတော့ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ jackson ပထမဆုံးရေးတာဖြစ်တဲ့အတွ...
