Part 11

437 19 0
                                    

ကျွန်တော်မြင်တွေ့လိုက်ရသည်က Windy...
အဖြူရောင်တီရှပ်အကျီင်္အရှည်နဲ့
ဘောင်းဘီတိုလေးကို ဝတ်ထားသောသူမ...
ခါတိုင်းရက်တွေမှာလည်း
ဒီလိုပုံလေးနဲ့ တွေ့နေကျဖြစ်ပေမဲ့
ဒီနေ့ကျမှ ဘာလို့လဲမသိ
ပိုပြီးချစ်ဖို့ကောင်းနေယောင်...

ကျွန်တော် အခန်းထဲကို ဝင်သွားလိုက်တယ်။

ကျွန်တော့်ကို စောင့်ကြိုနေတာကတော့
မီးဖိုခန်းထဲက ထမင်းဝိုင်းလေး...

ဝါး...
နီမြန်းနေသော ပုစွန်ထုပ်ကြီးများ...
နူးအိနေသော ငါးကင်...
ကြွပ်ရွနေသောကြက်ကြော်...
မွှေးကြိုင်နေသော တန်ပူရာကြော်...
လတ်ဆတ်ပြီး စိမ်းရောင်သန်းကာ ခရုဆီနဲ့ လိုက်ဖက်နေသော ကန်စွန်းရွက်...
ပြီးတော့ ဖြူဖွေးပြီး အနံ့လေးမွှေးနေတဲ့ ထမင်းပူပူလေး...

ဒီဟင်းပွဲတွေ...
ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလို
ထမင်းပူပူ ဟင်းပူပူလေးတွေ စားခဲ့ရတာပေါ့...

ဒါပေမဲ့...
ဖေဖေနဲ့ မေမေတို့ ဆုံးပြီးကတည်းက
ကျွန်တော့်ဘဝရဲ့
နွေးထွေးတဲ့ ထမင်းဝိုင်းလေး
ပျောက်ကွယ်သွားခဲ့တယ်။

ဒါဟာ ကျွန်တော့်ရဲ့
ရှစ်နှစ်တာ
အေးစက်လှတဲ့ ညစာတွေကြားထဲက
ပထမဆုံးသော နွေးထွေးတဲ့ ညစာ...

ဒီအတွေးတွေက
ကျွန်တော့်ရဲ့ မသိစိတ်ကို လွှမ်းခြုံသွားပြီး
မျက်ရည်အိမ်ဆီက ကျအံ့ဆဲဆဲ
မျက်ရည်ပေါက်များကို
လွှတ်ပေးလိုက်မိတယ်...

ဒါပေမဲ့ ကျွန်တော့် မျက်ရည် တစ်စက်ပြီးနောက်
အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်၏။

"I've just made simple dinner for you. How's the taste?"

ဒီချိုမြိန်လှတဲ့ညစာထမင်းဝိုင်းက
ပေးလိုက်တဲ့ အရသာက သိပ်ကို အရသာရှိတာပေါ့ဗျာ။

သို့ပေမဲ့လည်း ကျွန်တော် ပြန်ဖြေလိုက်မိတဲ့
အဖြေလေးကတော့
"Delicious"
ဒီတစ်လုံးပဲ ကျွန်တော် ဖြေနိုင်ခဲ့တယ်။

"I'm leaving now."

"Didn't you say that you will sleep here this night?"

"Your dad told me that he missed me so much" 😂

"He's just being over 😒 it's not even a day yet"

အရမ်းချစ်ကြတာပဲနော်...
ဖေဖေနဲ့မေမေလို...

Memories (completed) Where stories live. Discover now