Part 15

322 17 0
                                        

မြန်မာနိုင်ငံက လေပြေတွေက
ကျွန်တော့်ကို ပြေးဖက် နှုတ်ဆက်နေကြလျက်။

မြန်မာတို့ရဲ့ စကားသံက နားထဲကို ပျံ့လွင့်လာလျက်။

်တော်တော်လေးပြောင်းလဲသွားပါလား။

အပြင်အဆင်တွေကအစ
အရင်ကနဲ့ မတူတော့ဘူး။

ဒါပေမဲ့ ဒီနိုင်ငံရဲ့
အနံ့အသက်က ကျွန်တော်ကို
ဝမ်းနည်းမှုတွေ လွမ်းဆွတ်မှုတွေနဲ့
ကြိုဆိုနေလေရဲ့။

မနက်ခင်း နေရောင်ခြည်နွေးနွေးကလည်း
ကျွန်တော့်ရဲ့ wheelchair ကို
တလက်လက် အရောင်တွေပြန်နေစေတယ်။

လွမ်းဆွတ်မှုတွေက မြန်မာနိုင်ငံရဲ့
အငွေ့အသက်နဲ့အတူ ပတ်နှောင်ထားပေမဲ့
ပျော်မြူးနေသူကတော့ windy...

"ဂျက်လေး?"

ကျွန်တော့်ရဲ့ ကျောပြင်နောက်မှ
ကျွန်တော့်ရဲ့ နာမည်ကို
ခေါ်လိုက်တဲ့ အသံတစ်ခု...

ကျွန်တော် အနောက်သို့
လှည့်ကြည့်လိုက်တယ်။

"ဦးကျော်?"

မျက်ရည်စတွေနဲ့ ပြည့်နှက်နေတဲ့ ဦးကျော်...
ဖေဖေ့ရဲ့ လူယုံတစ်ဦး။

"သခင်လေး အတော်ကြီးလာပြီပဲ။
ဒီအတောအတွင်း သခင်လေးကို
မစောင့်ရှောက်ပေးနိုင်တာ ခွင့်လွှတ်ပါ။"

ကျွန်တော် ကိုယ်တိုင်တောင် မသိပဲ
ကျွန်တော့်ပါးပြင်တွေဆီသို့ ကျဆင်းလာတာက
မျက်ရည်စများ...

ကျွန်တော်နဲ့ Windy တို့
ကားပေါ်ကို တက်ခဲ့ကြတယ်...

Windy ကတော့ ဦးကျော်ကို
မစ္စတာကျော် မစ္စတာကျော်နဲ့ ခေါ်ပြီး
မြန်မာနိုင်ငံအကြောင်း မေးနေတာ
နှံ့နေပါလေရော။

ဦးကျော်ခမျာ သနားပါတယ်။
ဟုတ်တာတွေရော မဟုတ်တာတွေရော
ခေါင်းထဲက ဖြစ်ညှစ်ပြီးဖြေနေရတဲ့ ဘဝ...

မြန်မာပြည်ကို ရောက်ရောက်ချင်း
ကျွန်တော်တွေ့ချင်နေခဲ့တာက
ဖေဖေနဲ့ မေမေ...

ရောက်ပါပြီလေ...
ဖေဖေနဲ့ မေမေတို့ရှိရာနေရာ...
သူတို့ရဲ့ အရိုးပြာအိုး မြှုပ်နှံရာနေရာ။

ဦးကျော်ကတော့ နေရာကို
လိုက်ပြပြီး ကားပေါ်မှာ စောင့်နေလျက်။

Memories (completed) Where stories live. Discover now