Part 17

1.9K 44 4
                                    

အခန်းထဲက ထွက်လာတဲ့ ဦးကျော်ရဲ့ မျက်နှာကို ကျွန်တော်စိုက်ကြည့်နေမိတယ်။

ဘယ်လောက်ပဲ အဒေါ့်ကို ချစ်တယ်ပြောပြော ကိုယ်ချစ်ရသူကို ကာကွယ်ဖို့ အတွက်နဲ့ ဒီလောက်ကြီးမားတဲ့ အမှန်တရားကို ဖုံးကွယ်ထားရလား။

ကျွန်တော့်ရဲ့ နှလုံးသားဟာ ဓားချက်ရာ တစ်ရာလောက် ထိုးခံရမယ်ဆိုရင်တောင် နောက်ကျောကို ဓားနဲ့ထိုးခံလိုက်ရတဲ့  အခုလောက်နာကျင်ပါ့မလား။

ပြီးတော့ သက်တံ့ဟာ Windy...

ဘာလို့ကျွန်တော်မသိခဲ့ရတာလဲ...

ကျွန်တော့် ဦးနှောက်တစ်ခွင်ဟာ ရှုတ်ရှပ်ခတ်သွားပြီး
အမြင်တစ်ခုလုံးမည်းမှောင်သွားတယ်။

စူးရှလှသော အမှန်တရားက ခေါင်းကို တဆစ်ဆစ်ထိုးဖောက်နေတယ်။

"ဂျက်လေး...ဂျက်လေး...ဂျက်..."

ပြီးတော့ ကျွန်တော့်နာမည်ကို အော်ခေါ်နေတဲ့ အသံဟာ တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။

************************************

"နိုးပြီလား...သက်သာရဲ့လား"

ကျွန်တော့်ကို မေးမြန်းနေတဲ့ အသံတစ်ခု...
ဒီအသံက ကျွန်တော်မကြားဖူးပေမဲ့ ရင်းနှီးနေတဲ့ အသံ။

ဝေဝါးရာမှ တဖြည်းဖြည်းကြည်လင်လာတဲ့ သူမရဲ့ ပုံရိပ်...
သက်တံ့???

"နောက်တစ်ခါ မထားသွားပါနဲ့တော့နော်။ ကိုယ်မင်းကို ချစ်တယ်။"

ကျွန်တော့်ရဲ့ အသိစိတ်များ ပြန်လည်ဝင်ရောက်လာချိန်မှာ စဉ်းစားမိတာလေးက...

ကျွန်တော် ဘာတွေကို ကြားနေရတာလဲ။

ပြီးတော့ ကျွန်တော် ဘာတွေပြောမိသွားတာလဲ 😳😳😳

"ဒီတစ်ခါတော့ ညီမလေးလို မဟုတ်တော့ဘူးမှတ်လား 😇😇😇"

ကျွန်တော် မျက်စိကို နှစ်ချက်လောက်ပွတ်လိုက်တယ်။

ဒီတစ်ခါတော့ သေချာတယ်။

နားနှစ်ဖက်လုံးနဲ့ အထင်းသားကြီးကို ကြားလိုက်ရတာ။

မြန်...မြန်မာလို သူပြောတယ် 😱😱😱

"Windy?"

"Omm...သက်တံ့လည်းဟုတ်တယ်😁😁😁"

Memories (completed) Wo Geschichten leben. Entdecke jetzt