Part 14

328 17 0
                                        

စားပွဲဝိုင်းမှာကတော့
ကျွန်တော် ငယ်ငယ်တုန်းက
အရမ်းနှစ်သက်ခဲ့ပြီး
အမြဲချီးကျူးခဲ့ရတဲ့
ဦးလေးရဲ့ ဟင်းလျာများ...

ဘယ်လောက်ပဲ
စားကောင်းတယ်ပြောပြော
ဒီဟင်းတွေကို မြင်နေပေမဲ့
မစားခဲ့တာ
အခုဆို ရှစ်နှစ်တောင်ရှိပြီလေ။

ကျွန်တော်တစ်ချိန်က
စွဲလန်းခဲ့ရတဲ့
ဟင်းပွဲတွေက
အခုတော့ ကျွန်တော် မုန်းတီးတဲ့
ဟင်းပွဲတွေအသွင်သို့
ပြောင်းသွားခဲ့တယ်။

"ဒုန်း"

ကျွန်တော် အခန်းတံခါးကို
ခပ်ပြင်းပြင်းလေးပိတ်ပြီး
စောင်အောက်မှာ လှဲနေလိုက်တယ်။

ကျွန်တော် တွေးနေမိတယ်...

ကျွန်တော် ဘာကြောင့် ဦးလေးကို မုန်းနေရတာလဲ။
သူက ဘာအပြစ်မှလည်း မလုပ်ခဲ့ပါဘူး။

ကျွန်တော့်ရဲ့ အတိတ်ဆိုးတွေကို မေ့ပြီး
ဘဝသစ်မှာ စနိုင်အောင်
နိုင်ငံခြားကို ပို့ခဲ့တာပဲရှိတာ။

အဲ့လို ပို့ခဲ့တာကပဲ
ကျွန်တော့်ရဲ့ အမုန်းတရားတွေကို
စတင်စေခဲ့တာလား။

မသိတော့ဘူးဗျာ။

သေချာတာ တစ်ခုကတော့
သူ့ကို မြင်လိုက်တိုင်း
ကျွန်တော့်ရဲ့ မုန်းတီးမှုများက
စတင်လာတော့တာပဲ။

************************************
ဂလွီ...ဂလွီ...
ကျွန်တော်နိုးလာတော့
ဗိုက်ထဲက သံစုံတီးဝိုင်းက စပြီလေ။
မီးဖိုချောင်ထဲကို ဝင်လာလိုက်တယ်။

ဟိုလူကြီးရဲ့
အရပ်အယောင်ကတော့ မတွေ့ရသေး။
စားပွဲပေါ်က
ခေါက်ဆွဲကြော်လေးတစ်ပွဲနဲ့အတူ
တွေ့လိုက်ရတာကတော့
စာတစ်စောင်...

"ငါအရေးကြီးကိစ္စရှိလို့ ဒီနေ့တော့ ပြန်တော့မယ်။

မင်းဖို့ ခေါက်ဆွဲကြော်ထားပေးတယ်နော်။

မင်းကြိုက်တဲ့ ပုစွန်များများနဲ့ ငရုပ်ပွမထည့်။

ဟင်းတွေကတော့ အေးသွားတော့ မကောင်းတော့ဘူး။
အဲ့တာ ငါသွန်လိုက်ပြီး။"

ကျွန်တော် သူလုပ်ထားတာကို
မစားချင်ပေမဲ့
ကျွန်တော့်ရဲ့ ဗိုက်က
အဲ့ခေါက်ဆွဲကြော်ဆီမှ
ထွက်သွားခွင့်ကိုမပြု။

Memories (completed) Donde viven las historias. Descúbrelo ahora