Part 13

304 19 0
                                    

မိုးလင်းခါနီးမှ
မှေးခနဲရှိသေးတယ်...

ငတိမက အန်မယ်တဲ့
ဘွားတော်လေးကို အပြစ်မတင်ရဲပါ။

နှိုးတာပဲ ကျေးဇူးတင်ပါတယ်...

မဟုတ်လို့ကတော့ ကားတစ်ခုလုံး ဒင်းရဲ့ ချဉ်ဖတ်နဲ့လေးတွေနဲ့ မွှေးပျံ့သွားလို့ ခေါင်းကိုက်တာတွေလည်း ပျောက်ကုန်ပါမယ် 😒😒😒

အန်လိုက်တော့လည်း
ညကစားတော်မူထားတဲ့ ဟင်းပွဲတွေများ ပွဲလိုက်
ပြန်ထွက်လာသလားအောင့်မေ့ရတယ်...

နည်းနည်းလေးလည်း ဝါးပါဟဲ့ 😥😥😥

ကားပေါ်မှာကတော့ အရက်နံ့နဲ့ အထူးထုတ်လုပ်ထားတဲ့
ရေမွှေးနံ့လေးတွေနဲ့
မွှေး....
မွှေး....
မွှေး 😑😑😑

Mike....
တော်ပါသေးတယ်...
ကားမောင်းမဲ့လူနိုးလာပေလို့...

အရက်မူးရင် ကားမမောင်းရဘူးတဲ့နော်...

အမေရေ ကယ်ပါ 😭😭😭
သူလိုင်စင် သိမ်းခံရမှာထက်
ကျွန်တော်အခု
ုrollar coaster စီးနေရသလိုပဲနော်။

ဘယ်ဘက်ကို ယိမ်းလိုက်
ညာဘက်ကို ယိမ်းလိုက်
ဟဲ့ ကားခုန်ပြီ....
ကားပျံဖြစ်တော့မယ်နော်...
နည်းနည်းပါးပါး ကြည့်မောင်းစမ်းပါ။

ဟျောင့်!!!

************************************
ဘုရားမပေလို့
အိမ်ကို အသက်ပါပြီး
ပြန်ရောက်လာတာ 🤕🤕🤕

ကျွန်တော်
ဝက်ပေါက်လေးကို
အခန်းထဲ ပို့ပေးပြီး
ကျွန်တော့် အခန်းထဲကို ဝင်လာလိုက်တယ်။

အထဲမှာ
စောင့်ကြိုနေတာကတော့
မဖိတ်ခေါ်ထားတဲ့ ဧည့်သည်...
ကျွန်တော့်ရဲ့ ဦးလေး...

ွဝင်လာတာနဲ့
ကျွန်တော့်ရဲ့
နှလုံးသားထဲထိ
အောင့်တက်သွားအောင်ပြုလုပ်နိုင်တဲ့
အော်ကလီဆန်လှတဲ့ သူ့မျက်နှာ

"ပြန်လာပြီလား..."

"ခဏလေးနော်
ငါနေ့လည်စာချက်လိုက်မယ်။
မင်းဘယ်အချိန်ပြန်ရောက်မလဲ မသိလို့။
ဟင်းတွေကြိုချက်ထားရင်အေးသွားမှာစိုးလို့"

မုန်းတီးမှုတွေစုပြုံလာတော့
နာကြည်းစေမယ့်၊
နာကျင်စေမယ့်၊
ဒေါသ စကားတွေတောင်
ပြောမထွက်ခဲ့ဘူး...
ဒါဟာ အခုမှ မဟုတ်ပါဘူး...
ငယ်ငယ်တည်းက...

Memories (completed) Donde viven las historias. Descúbrelo ahora