Part 4

851 47 0
                                        

အနွေးထည်တစ်ထည်၊ ဂျင်းဘောင်းဘီ၊ walking shoe တစ်ရံနဲ့ အတူပါလာတဲ့ စာတစ်စောင်။

"မင်းနေရတာ အဆင်ပြေလား။

မုန့်ဖိုးတွေလည်းလောက်တယ်မှတ်လား။

မလောက်ရင်ထပ်တောင်းနော်။

မကောင်းတဲ့ဟာတွေသိပ်မစားနဲ့။

အရသာရှိတာတွေဝယ်စား။

နွေးနွေးထွေးထွေးနေ။

မင်းဘဏ်အကောင့်မှာ အင်္ကျီတွေလိုရင်ဝယ်ဖို့ ပိုက်ဆံထပ်ထည့်ပေးထားတယ်။

ပြီးတော့ မင်းအဒေါ်က မင်းအတွက်ဆိုပြီး အနွေးထည်တစ်ထည်ချုပ်ပေးထားတာ ထည့်ပေးလိုက်တယ်။
ဘောင်းဘီကတော့ မင်းညီရွေးတာပေါ့ကွာ။

ကဲ...ကျန်းမာရေးဂရုစိုက်။

အချိန်ရရင် ဖုန်းလည်းခေါ်ဦး။

ထာဝရမင်းရဲ့ ဦးလေး"

ကျွန်တော်တစ်ချက်လှောင်ပြုံးပြုံးလိုက်၏။

လောကကြီးရဲ့ လေပြင်းဒဏ်ကို ခံနေရတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် နွေးထွေးနိုင်ပါ့မလဲ။

ကျွန်တော့်ကို သူတို့နဲ့ ဝေးလံတဲ့နေရာကိုပို့ပြီး ဂရုစိုက်ချင်ယောင်ဆောင်နေတယ်ဆိုတော့ကား...

ဟက်...
ကျွန်တော် အတွေးများကို ဖျောက်ဖျက်လိုက်၏။

ကျွန်တော် စောင်ထူထူအောက်ကို လျှိုးဝင်ကာ နိုဝင်ဘာရဲ့လေအေးနှင့်အတူ အိပ်လိုက်၏။

သို့သော်တစ်ညတာမှာ ရှည်ကြာလွန်းလှသည်။

"Ding Dong...Ding Dong...Ding Dong...Ding Dong"

ဟား!
ကျွန်တော့်ရဲ့ ချိုမြိန်လှသော အိပ်မက်ကို ဖျက်ဆီးခဲ့တဲ့ ခေါင်းလောင်းသံ။

ကျွန်တော် wheelchair ပေါ်သို့ တက်ရန်ပြင်လိုက်သည်။

မြန်လိုသော်လည်း မြန်၍မရ။ အချိန်နည်းနည်းကြာသွားခဲ့သည်။

ခေါင်းလောင်းသံက ဆက်တိုက်နှောင့်ယှက်နေဆဲ။

ကျွန်တော် တံခါးဖွင့်လိုက်တော့...

"Come and eat breakfast. I've cooked for you."
ဟုပြော၍ ချက်ချင်းပြန်ဝင်သွား၏။

ဒီစကားလေးတစ်ခွန်းပြောဖို့ ကျွန်တော့်ကို နှောင့်ယှက်ခဲ့တာလား။

Memories (completed) Where stories live. Discover now